Connect with us

WORLD

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် ဇင်ဘာဘွေနိုင်ငံသို့ လှူဒါန်းမည်

ဇင်ဘာဘွေနိုင်ငံ ဒုတိယ သမ္မတနှင့် ကျန်းမာရေးဝန်ကြီး Constantino Chiwenga က Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟာရာရီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံအား နောက်ထပ် COVID-19 ကာကွယ်ဆေးအလုံးရေ ၂၀၀,၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီး Guo Shaochun က ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။

ယင်းသို့ လှူဒါန်းမှုသည် ဇင်ဘာဘွေနိုင်ငံသို့ တရုတ်နိုင်ငံ၏ ဒုတိယမြောက် လှူဒါန်းမှုဖြစ်ကြောင်းနှင့် ဇင်ဘာဘွေနိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေး ကူညီရန် Sinopharm COVID-19 ကာကွယ်ဆေး အလုံးရေ ၂၀၀,၀၀၀ ကိုလည်း မကြာသေးမီက လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့ရှိ ဆေးရုံတစ်ရုံတွင် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

“အခုပဲ H.E. @edmnangagwa နဲ့ ကျွန်တော် အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံကို နောက်ထပ် COVID-19 ကာကွယ်ဆေး အလုံးရေ ၂၀၀,၀၀၀ လှူဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး ရင်ဆိုင်နေရစဉ်မှာ ကျွန်တော်တို့ လိုအပ်တာဟာ စည်းလုံးညီညွတ်ခြင်းနဲ့ တက်တက်ကြွကြွလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဇင်ဘာဘွေ ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ကတိပြုထားပါတယ်” ဟု တရုတ်နိုင်ငံ သံအမတ်ကြီးက တွစ်တာပေါ်၌ ရေးသားထားသည်။

ဒုတိယအသုတ်လှူဒါန်းမှု အပါအဝင် တရုတ်နိုင်ငံမှ ဇင်ဘာဘွေနိုင်ငံအား လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးမှာ စုစုပေါင်း ၄၀၀,၀၀၀ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဘာဘွေ အစိုးရကလည်း တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး အလုံးရေ ၆၀၀,၀၀၀ ဝယ်ယူထားကြောင်းနှင့် မတ်လအတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထို့ပြင် ဇင်ဘာဘွေနိုင်ငံသည် ရုရှားနိုင်ငံမှ Sputnik V ကာကွယ်ဆေးများ ရရှိရန်လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိသလို အိန္ဒိယနိုင်ငံကလည်း ဇင်ဘာဘွေနိုင်ငံအား COVID-19 ကာကွယ်ဆေး အလုံးရေ ၇၅,၀၀၀ လှူဒါန်းရန် ကြေညာထားကြောင်း သိရသည်။

ဇင်ဘာဘွေအစိုးရသည် တရုတ်နိုင်ငံမှ ပထမအသုတ် ကာကွယ်ဆေး ၂၀၀,၀၀၀ ရရှိပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်တွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို စတင်ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ ဒုတိယသမ္မတလည်းဖြစ်၊ ကျန်းမာရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီးလည်းဖြစ်သူ Constantino Chiwenga သည် Sinopharm ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သည့် ပထမဆုံးနိုင်ငံသားဖြစ်လာခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ပထမအဆင့်အရ သတင်းထောက်များ အပါအဝင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်း ဦးစားပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို မိမိဆန္ဒအလျောက်ခံယူနိုင်ပြီး အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစိုးရသည် ရောဂါခုခံနိုင်သည့် ကိုယ်ခံအားရှိသော လူထု အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရန် နိုင်ငံလူဦးရေ၏ အနည်းဆုံး ပြည်သူ ၁၀ သန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဇင်ဘာဘွေနိုင်ငံတွင် ဖေဖော်ဝါရီ ၂၃ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူ ၃၅,၉၁၀ ဦး၊ ပြန်လည်ကျန်းမာလာသူ ၃၂,၂၈၈ ဦးနှင့် သေဆုံးသူ ၁,၄၄၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————
(Englsih Version)
China to donate second batch of COVID-19 vaccines to Zimbabwe
Source: Xinhua| 2021-02-25 21:04:45|Editor: huaxia
China will donate another batch of 200,000 doses of COVID-19 vaccines to Zimbabwe, Chinese ambassador Guo Shaochun has said.
HARARE, Feb. 25 (Xinhua) — China will donate another batch of 200,000 doses of COVID-19 vaccines to Zimbabwe, Chinese ambassador Guo Shaochun said Wednesday.
This will be China’s second donation to Zimbabwe after the Asian country recently donated 200,000 Sinopharm COVID-19 vaccines to help the southern African country fight the pandemic.
“Just now I had an online meeting with H.E. @edmnangagwa, announcing that China has decided to donate another 200,000 doses of COVID-19 vaccine to Zimbabwe. Facing this global pandemic, what we need is solidarity and action. China is committed to standing with the Zimbabwean people,” the Chinese ambassador said via his Twitter handle.
The second donation will bring to 400,000 the total number of COVID-19 vaccines that China has donated to Zimbabwe so far.
On its part, the Zimbabwean government has purchased 600,000 COVID-19 vaccine doses from China, which are expected to arrive in the country in March.
The country is also in advanced negotiations to acquire the Sputnik V vaccine from Russia, while India has announced that it will also donate 75,000 COVID-19 vaccine doses to Zimbabwe.
Last Thursday, the Zimbabwean government launched its COVID-19 vaccination program, three days after taking delivery of the first batch of 200,000 vaccines from China.
Vice President Constantino Chiwenga, who is also health and child care minister, became the first citizen to receive the Sinopharm jab.
Frontline workers, including journalists, are being prioritized for inoculation under the first phase of the vaccination program. Vaccination is being done on a voluntary basis and in three phases.
The government aims to inoculate at least 10 million people out of the country’s population to achieve herd immunity.
As of Tuesday, Zimbabwe had recorded 35,910 COVID-19 cases, 32,288 recoveries and 1,448 deaths. ■
1- Zimbabwean Vice President and Health Minister Constantino Chiwenga receive the Sinopharm COVID-19 vaccine inoculation, at a hospital in Harare, Zimbabwe, on Feb. 18, 2021. (Xinhua/Zhang Yuliang)
2- A healthcare worker prepares for the injection of a Sinopharm COVID-19 vaccine, at a hospital in Harare, Zimbabwe, on Feb. 18, 2021. (Photo by Shaun Jusa/Xinhua