Connect with us

WORLD

တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး စတုတ္ထအသုတ် ချီလီနိုင်ငံသို့ ရောက်ရှိ

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ ဆန်တီရာဂို နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံ Sinovac မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး တတိယအသုတ် ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Office of Chilean President/Handout via Xinhua)

ဆန်တီရာဂို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ ကာကွယ်ဆေး စတုတ္ထမြောက်အသုတ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ချီလီအစိုးရ ကိုယ်စားလှယ်များက လက်ခံရရှိခဲ့ကြောင်း သိရသည်။

ယခင်က တင်ပို့လိုက်သော Sinovac ၏ CoronaVac ကာကွယ်ဆေးများသည် ဇန်နဝါရီ ၂၈ ရက်၊ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၂၅ ရက်တို့တွင် ချီလီနိုင်ငံသို့ အသီးသီးရောက်ရှိခဲ့သည်။

အဆိုပါ ကာကွယ်ဆေးအသစ်များက “ကျွန်မတို့ရဲ့ ကာကွယ်ဆေးထိုးနှံရန်လျာထားမှုကို ဆက်လက်လုပ်ဆောင်သွားနိုင်မှာဖြစ်ပြီး မတ်လတွင် စတင်မယ့် ဒုတိယအကြိမ်ထိုးနှံမှုတွေကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဆန်တီရာဂိုရှိ လေဆိပ်တွင် ကာကွယ်ဆေးရောက်ရှိမှုအပေါ် ကြီးကြပ်နေသည့် ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Paula Daza က သတင်းထောက်များအား ပြောကြားခဲ့သည်။

ချီလီနိုင်ငံအနေဖြင့် ဒေသများအားလုံးသို့ ကာကွယ်ဆေးများ အချိန်မီရောက်ရှိရန် လွန်ခဲ့သောတစ်နှစ်က စတင်ခဲ့သည့် ပူးတွဲကြိုးပမ်းအားထုတ်မှုကြောင့် လူဦးရေ ၃.၂ သန်းကျော် ကာကွယ်ဆေးထိုးပေးနိုင်ရန် ကာကွယ်ဆေးများ ရရှိထားသည့်အတွက် များစွာဂုဏ်ယူကြောင်း Daza က ပြောခဲ့သည်။

လူထုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်သည် လူထုအတွင်း ရောဂါခုခံနိုင်သည့် ကိုယ်ခံအား ရရှိစေရန် ရည်ရွယ်ကြောင်း Daza က ဆိုသည်။

ယခုသီတင်းပတ်အတွင်း နိုင်ငံအတွင်းရှိ ဒေသများစွာ၌ အသက် ၆၅ နှစ်အထက်ရှိသူများ၊ ကျောက်ကပ်သန့်စင်နေရသူလူနာများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများနှင့် အသက် ၄၀ နှစ်နှင့်အထက် ဆရာ၊ ဆရာမများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

Sinovac ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုခွင့်အတွက် ဇန်နဝါရီ ၂၀ ရက်က ချီလီနိုင်ငံ ပြည်သူ့ကျန်းမာရေးအင်စတီကျုက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ချီလီနိုင်ငံ လူထုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ခဲ့ကြောင်း၊ ယခုနှစ် ပထမသုံးလအတွင်း ရောဂါကူးစက်နိုင်ခြေများသောအုပ်စုရှိ လူဦးရေ ၅ သန်းကို ကာကွယ်ဆေးထိုးနှံပေးရန်နှင့် နောက်ထပ် လူဦးရေ ၁၅ သန်းကို ယခုနှစ် နှစ်လယ်ပိုင်းတွင် ထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

—————————-
(Englsih Version)
Chile receives fourth batch of Chinese Sinovac vaccines against COVID-19
Source: Xinhua| 2021-02-27 10:15:18|Editor: huaxia
SANTIAGO, Feb. 26 (Xinhua) — Representatives of the Chilean government on Friday received a fourth shipment of vaccines from Chinese pharmaceutical firm Sinovac to continue the fight against the COVID-19 pandemic.
Three previous shipments of Sinovac’s CoronaVac vaccine arrived in the South American country on Jan. 28, Jan. 31, and Feb. 25 respectively.
The new vaccines “will allow us to continue with the vaccination schedule that we have set ourselves, and also ensure the second doses,” which will begin to be administered in March, Chile’s Deputy Health Minister Paula Daza told reporters at Santiago’s airport, where she oversaw the delivery of the shipment.
“We are very proud of these doses with which Chile has been able to vaccinate more than 3.2 million people” due to a joint effort that began a year ago to ensure vaccines can reach all regions of the country in a timely manner, Daza said.
The mass vaccination program aims to “achieve the immunity of the population,” Daza said.
This week, people over 65 years old were vaccinated in various parts of the country, along with dialysis patients and those with transplants, and teachers aged 40 and over.
The Sinovac vaccines were approved for emergency use on Jan. 20 by Chile’s Institute of Public Health.
Chile’s mass vaccination drive began on Feb. 3, with a goal of immunizing 5 million people in high-risk groups in the first three months of the year, and another 15 million people by midyear. ■
Workers unload containers with the third shipment of COVID-19 vaccines developed by Chinese firm Sinovac at the Santiago international airport in Santiago, Chile, Feb. 25, 2021. (Office of Chilean President/Handout via Xinhua)