Connect with us

WORLD

တရုတ်နိုင်ငံက အယ်လ်ဂျီးရီးယားနိုင်ငံအား COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့

အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားစ်မြို့ရှိ လမ်းပေါ်တွင် COVID-19 တိုက်ဖျက်ရေးအတွက် ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ဂျီးယားစ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာအကူအညီများ တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် မတ် ၂၇ ရက်က အယ်လ်ဂျီးယားစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ရှိသော ဆေးဘက်အထောက်အကူပြုပစ္စည်းများအား တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယားရင်းကော်ပိုရေးရှင်း (CSCEC) မှ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

လေဆိပ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ လှူဒါန်းခြင်းအခမ်းအနားသို့ အယ်လ်ဂျီးရီးယားနိုင်ငံ အဆင့်မြင့်အရာရှိကြီးများ၊ အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် လီလျန်ဟဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံရှိ CSCEC ရုံးခွဲမန်နေဂျာ ကျိုးဆန်းတို့ တက်ရောက်ခဲ့ကြသည်။

ပထမအသုတ်အဖြစ် ရောက်ရှိလာသည့် လှူဒါန်းမှုတွင် နှာခေါင်းစည်း အခုရေ ၅၀၀,၀၀၀ ၊ N95 နှာခေါင်းစည်း အခုရေ ၅၀,၀၀၀ နှင့် အထူးကြပ်မတ်ကုသဆောင်အတွက် ကျန်းမာရေးအကာအကွယ်ဝတ်စုံနှင့် မျက်နှာဖုံးများ ပါဝင်သော အသက်ရှူစက်များ အစုံ ၂,၀၀၀ အပြင်  အသက်ရှူစက်များလည်း ပါရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံ အစိုးရ၊ ပြည်သူလူထုနဲ့ ပုဂ္ဂလိကအလှူရှင်ဖောင်ဒေးရှင်းများ၊ အယ်လ်ဂျီးရီးယားနဲ့ တရုတ် နှစ်နိုင်ငံအခြေစိုက် တရုတ်ကုမ္ပဏီများနဲ့ အယ်လ်ဂျီးရီးယားမှာနေတဲ့ တရုတ်နိုင်ငံသားတွေက အယ်လ်ဂျီးရီးယားမှာ COVID-19 ပျံ့နှံ့မှုတိုက်ဖျက်ရန် အားထုတ်မှုတွေမှာ ပါဝင်ကူညီဖို့ အသင့်ရှိနေကြပါတယ်” ဟု အယ်လ်ဂျီးရီယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံတွင် မတ် ၂၇ ရက်အထိ COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာ ၄၀၉ ဦးရှိကြောင်းနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.