Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ တစ်သိန်း ကျော်လာခဲ့ပြီး ကမ္ဘာပေါ်တွင် လူပေါင်း ၅ သိန်း ကျော် ကူးစက် ခံရ

အမေရိကန် နိုင်ငံ တွင် မတ်လ ၂၇ ရက် ၌ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက် အရ မတ်လ ၂၇ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၇ နာရီ ၄၀ မိနစ် အချိန်တွင် အမေရိကန်နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၀၀,၇၁၇ ဦး အထိ ရောက်ရှိလာပြီး သေဆုံးသူ စုစုပေါင်း ၁,၅၄၄ ဦး အထိ ရောက်ရှိလာကြောင်း သိရှိရသည်။

အီတလီ နိုင်ငံ မြို့ပြကာကွယ်ရေး ဌာန ၏ မတ်လ ၂၇ ရက် ထုတ်ပြန်ကြေညာချက်အရ ဒေသစံတော်ချိန် ၁၈ နာရီ အချိန်ထိ အီတလီ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၆,၄၉၈ အထိ ရောက်ရှိလာပြီး သေဆုံးသူ စုစုပေါင်း ၉,၁၃၄ ဦး ကာ ရောဂါ ပြန်လည် ကောင်းမွန်လာသူ ၁၀,၉၅၀ ရှိကြောင်း ၊ အီတလီနိုင်ငံတွင် သေဆုံးသူ ယခင် နေ့ထက် ၉၆၉ ဦး တိုးမြင့်လာခဲ့ပြီး ရောဂါကူးစက်ခံရသူ နှင့် ပြန်လည် ကောင်းမွန်လာသူ တို့ က ၅,၉၅၉ ဦး နှင့် ၅၈၉ ဦး ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် မတ်လ ၂၇ ရက် ၌ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် မတ်လ ၂၇ ရက် ၌ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ မတ်လ ၂၇ ရက် တွင် နိုင်ငံ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၇,၈၇၁ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ၆၄,၀၅၉ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ မတ်လ ၂၆ ရက် တစ်ရက် တည်းတွင် ရောဂါကြောင့် သေဆုံးသူ ၇၆၉ ဦး ရှိခဲ့ပြီး စုစုပေါင်း ၄,၈၅၈ ဦးသေဆုံးခဲ့ကာ သေဆုံးမှု ရာခိုင်နှုန်း မှာ ၇.၆ ဖြစ်ကြောင်း သိရှိရသည်။

အီရန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ မတ်လ ၂၇ ရက် ထုတ်ပြန်ကြေညာချက်အရ အီရန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၉၂၆ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၂,၃၃၂ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ အီရန်နိုင်ငံ တွင် စုစုပေါင်း သေဆုံးသူ ၂,၃၇၈ ဦး ရှိပြီး ပြန်လည် ကောင်းမွန်လာသူ ၁၁,၁၃၃ ဦး ရှိကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံ ကျန်းမာရေး ဌာနချုပ် ၏ မတ်လ ၂၇ ရက် ထုတ်ပြန်ကြေညာချက်အရ ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၂,၉၆၄ ဦး အထိ ရောက်ရှိလာပြီး စုစုပေါင်း သေဆုံးသူ ၁,၉၉၅ ဦး အထိ ရောက်ရှိကာ ပြန်လည်ကောင်းမွန်လာသူ ၅,၇၀၀ ဦး ရှိကြောင်း သိရှိရသည်။

မတ်လ ၂၇ ရက် ဥရောပ အလယ်ပိုင်း စံတော်ချိန် ၁၀ နာရီ အချိန် တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ ၂၇ ရက် တွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက် ခံရသူ ၄၆,၃၆၇ ဦး ထပ်မံ တိုးမြင့်ခဲ့ပြီး စုစုပေါင်း ၄၂၇,၀၈၆ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ မတ်လ ၂၆ ရက် တွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၂,၄၉၆ ဦးရှိခဲ့ပြီး စုစုပေါင်း ၂၀,၀၃၇ ဦး ရှိခဲ့ကြောင်း ၊ တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် မတ်လ ၂၇ ရက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၄၆,၄၈၄ ဦး ရှိခဲ့ပြီး စုစုပေါင်း ၅၀၉,၁၆၄ ဦး အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)