WORLD
တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ် ပါကစ္စတန်နိုင်ငံလက်ခံရရှိ
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနား၌ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်၏ အထူးလက်ထောက် ကျန်းမာရေးဝန်ကြီး Faisal Sultan က ပါကစ္စတန်နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ ထပ်မံပေးအပ်လှူဒါန်းသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှလှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အစ္စလာမ်မာဘတ်မြို့အနီး Noor Khan လေတပ်အခြေစိုက်စခန်းတွင် မတ် ၁၇ ရက်က ကျင်းပစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံမှလှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အစ္စလာမ်မာဘတ်မြို့အနီး Noor Khan လေတပ်အခြေစိုက်စခန်းတွင် မတ် ၁၇ ရက်က ကျင်းပစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံမှလှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အစ္စလာမ်မာဘတ်မြို့အနီး Noor Khan လေတပ်အခြေစိုက်စခန်းတွင် မတ် ၁၇ ရက်က ကျင်းပစဉ်(ဆင်ဟွာ)
အသစ်ထပ်မံရောက်ရှိလာသော Sinopharm ကာကွယ်ဆေးများသည် ပါကစ္စတန်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံရေး ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်အတွက် အထူးအရေးပါကြောင်း ၎င်းက ဆိုသည်။ Sinopharm ကာကွယ်ဆေးသည် ဘေးကင်းမှု နှင့် လုံခြုံမှုအတွက်အထူးကောင်းမွန်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ ထောက်ပံ့မှုသည် နှစ်နိုင်ငံအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းပြသခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် ယခုအခါ COVID-19 တတိယလှိုင်းဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း နှင့် ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း နှင့် ခပ်ခွာခွာနေထိုင်ခြင်းအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးစည်းမျဉ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်က ပါကစ္စတန်နိုင်ငံသို့ရောက်ရှိလာသော တရုတ်နိုင်ငံ၏ ပထမအသုတ် ကိုဗစ် ကာကွယ်ဆေးလွှဲပြောင်းပေးအပ်သည့် အခမ်းအနား၌ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဝန် Xie Guoxiang က အမှာစကားပြောကြားခဲ့ရာတွင် ယင်းလှူဒါန်းမှုသည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုကို မီးမောင်းထိုးပြခဲ့ပြီး ပါကစ္စတန်နိုင်ငံ၏ အမျိုးသားကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်နိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံ အစိုးရမှ ပေးအပ်လှူဒါန်းသော Sinopharm ကိုဗစ်ကာကွယ်ဆေး လက်ခံရရှိပြီး ချင်ခြင်း ဆိုသလိုပင် ပါကစ္စတန်နိုင်ငံသည် ရှေ့တန်းတွင် လုပ်ကိုင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးကာ နိုင်ငံတစ်ဝှမ်း အမျိုးသား COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို တရားဝင် စတင်ခဲ့သည်။
အမျိုးသားကာကွယ်ဆေးထိုးနှံခြင်း ဒုတိယအဆင့်အနေဖြင့် မတ် ၁၀ ရက်မှ စတင်ကာ ပါကစ္စတန်နိုင်ငံ၌ နိုင်ငံတစ်ဝှမ်းရှိ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Pakistan receives second batch of COVID-19 vaccines donated by Chinese gov’t
ISLAMABAD, March 18 (Xinhua) — Pakistan on Wednesday received the second batch of COVID-19 vaccines donated by the Chinese government with a handover ceremony held at the Noor Khan Air Base near Pakistan’s capital Islamabad.
Speaking on the occasion, Special Assistant to the Pakistani Prime Minister on Health Faisal Sultan thanked the Chinese government for once again providing the COVID-19 vaccine aid to Pakistan.
The newly-arrived Sinopharm vaccine doses are crucial to the further implementation of Pakistan’s vaccination drive, he said, adding the efficacy and safety of the Sinopharm vaccine are very good.
The assistance from China shows the strong friendship between the two countries, he said.
Sultan said that Pakistan is currently facing a third wave of COVID-19, and he urged the public to continue following anti-pandemic measures including wearing a mask and keeping social distancing.
Xie Guoxiang, minister counsellor at the Chinese Embassy in Pakistan, said during the handover ceremony that the first batch of the COVID-19 vaccine aid provided by the Chinese government, which arrived in Pakistan on Feb. 1, helped kick off Pakistan’s nationwide vaccination campaign, highlighting the friendship between the two countries.
Pakistan officially launched its National COVID Immunization Program across the country shortly after receiving the Chinese government-donated Sinopharm vaccines, with the frontline healthcare workers given the priority for inoculation.
On March 10, Pakistan began vaccinating its people aged 60 years and over against COVID-19 in the second phase of the nationwide vaccination drive.
A handover ceremony is held for the second batch of COVID-19 vaccines donated by the Chinese government at Noor Khan Air Base near Islamabad, capital of Pakistan, March 17, 2021. (Xinhua/Ahmad Kamal)