Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုအား တွန်းအားပေးဆောင်ရွက်နေ ၊ အစ္စရေးနိုင်ငံက လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပေးမှု တိုးချဲ့ဆောင်ရွက်လာ

အစ္စရေးနိုင်ငံ ဘင်ဂူရီယန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၈ ရက်၌ ရောက်ရှိလာသော ခရီးသွားဧည့်သည်များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာနသတင်းထောက်များ၏ သတင်းပေးပို့ချက် အရ အစ္စရေးနိုင်ငံတွင် COVID-19 ပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သောကြောင့် မတ် ၁၆ ရက်မှစတင်၍ လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပေးမှုတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများက COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား ဆက်လက်၍ တွန်းအားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အစ္စရေးနိုင်ငံ ကက်ဘိနက်၏ ဆုံးဖြတ်ချက်အရ နိုင်ငံတွင် မတ် ၁၆ ရက်မှစတင်၍ မည်သည့်ဒေသမှလာရောက်သည့် လေကြောင်းခရီးစဉ်မဆို ပြည်တွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း ၊ သို့သော် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူကျန်းမားရေး အန္တရာယ်ဖြစ်စေနိုင်သည်ဟု ယူဆရသော မည်သည့် လေကြောင်းခရီးစဉ်ကိုမဆို ပယ်ဖျက်နိုင်သည့် အခွင့်အာဏာ ဆက်လက်ပေးအပ်ထားကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၆ ရက်ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ ယင်းနေ့တွင် အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၇၁၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၈၂၂,၅၀၇ ဦးရှိခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁၈ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၆,၀၄၇ ဦးရှိခဲ့ကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ ၂,၁၆၀ ဦးရှိခဲ့ပြီး ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၇၉၀,၁၃၆ ဦးရှိကြောင်း သိရှိရသည်။ အစ္စရေးနိုင်ငံ အမျိုးသား COVID-19 ရောဂါ သတင်းအချက်အလက်စင်တာ ၏ မတ်လ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ အစ္စရေးနိုင်ငံ ၏ COVID-19 ရောဂါ အခြေခံကူးစက်မှုရာခိုင်နှုန်း မှာ ဝ.၇၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီးဖြစ်ကာ ကူးစက်မှု ရာခိုင်နှုန်း ၁ အောက်သို့ကျဆင်းခဲ့ခြင်းလည်းဖြစ်ကြောင်း နှင့် ကပ်ရောဂါ ကူးစက်မှုလျော့ကျလာသည်ကို ကိုယ်စားပြုကြောင်း ဖော်ပြထားသည်။

လက်ဘနွန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသည့် လူနာ ၃,၄၈၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၄၂၃,၄၃၃ ဦးအထိရှိလာကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၅၂ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၅,၄၇၄ ဦးရှိလာကြောင်း နှင့် ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၃၃၃,၆၄၈ ဦးရှိကြောင်း သိရသည်။ လက်ဘနွန်နိုင်ငံတွင် လူပေါင်း ၉၆,၀၀၀ ကျော်မှာ ပထမအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူထားပြီး လူပေါင်း ၂၂,၀၀၀ ကျော်မှာ ဒုတိယအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း သိရသည်။

ကာတာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ် ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၄၇၉ ဦးရှိပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၇၁,၂၁၂ ဦးအထိရောက်ရှိလာကြောင်း ၊ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၆၈ ဦးရှိခဲ့ပြီး ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁၅၈,၈၅၃ဦးရှိကြောင်း သိရသည်။ ကာတာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ကာတာနိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူ ၁၅ ရာခိုင်နှုန်းအထက်အား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုပေးခဲ့ပြီးဖြစ်ကြောင်းနှင့် COVID-19 ရောဂါကာကွယ်ဆေး စုစုပေါင်းအခုရေ ၅၁၀,၀၀၀ အား ပြည်သူများအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

တူရကီနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၆ ရက်ညပိုင်းအချိန်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၆,၇၄၉ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၂,၉၁၁,၆၄၂ ဦးရှိကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၇၁ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၂၉,၆၂၃ အထိရှိလာခဲ့ကြောင်းနှင့် ရောဂါမှပြန်လည်သက်သာလာသူ စုစုပေါင်း ၂,၇၃၄,၈၆၂ ဦးရှိကြောင်း ၊ တူရကီနိုင်ငံတွင် မတ်လ ၁၆ ရက်ညပိုင်းအချိန်ထိ လူပေါင်း ၁၁.၉၅ သန်းကျော်အား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ၏ မတ်လ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၃၀ ဦးရှိပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၂၄,၅၄၀ ဦးအထိရှိလာကြောင်း ၊ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃,၀၄၅ ဦးရှိကြောင်း သိရှိရသည်။ အယ်လ်ဂျီးရီးယားနိုင်ငံအစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ ကပ်ရောဂါအခြေအနေပေါ်မူတည်၍ မတ်လ ၁၇ ရက်မှစတင်၍ ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများအား ပြောင်းလဲဆောင်ရွက်ခဲ့ရာ ညမထွက်ရအမိန့်ကြေညာထားသည့် ပြည်နယ်များအား ပြည်နယ် ၁၉ ခုမှ ၁၆ ခုအထိလျှော့ချခဲ့ကြောင်း ၊ သို့သော်ယခင်ထုတ်ပြန်ထားသည့် လူစုလူဝေးမဖြစ်ပွားစေရန် တားမြစ်ချက်ကို ဆက်လက်၍ ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆီးရီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနအရာရှိတစ်ဦး၏ မတ်လ ၁၆ ရက်ပြောကြားချက်အရ ဆီးရီးယားနိုင်ငံတွင် လတ်တလောအချိန်နှစ်ပတ်တာကာလအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေသည် သိသာစွာတိုးမြင့်လာခဲ့ကြောင်း ၊ မြို့တော် ဒမတ်စကတ်၌ ရောဂါကူးစက်ခံရမှုနှင့်ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဆီးရီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၀၀ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၆,၆၅၆ ဦးရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆ ဦးရှိပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်း ၁,၁၁၀ ဦးရှိလာကြောင်း ၊ COVID-19 ရောဂါမှပြန်လည်သက်သာလာသူ ၈၃ ဦးရှိခဲ့ပြီး စုစုပေါင်း ရောဂါမှပြန်လည်သက်သာလာသူ ၁၁,၁၄၁ ဦးရှိကြောင်း သိရှိရသည်။

အီရန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈,၃၈၀ ဦးရှိပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၇၆၃,၃၁၃ ဦးရှိလာကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၉၇ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၆၁,၄၂၇ ဦးရှိလာကြောင်း ၊ COVID-19 ရောဂါမှပြန်လည်သက်သာလာသူ ၇,၀၅၉ ဦးရှိခဲ့ပြီး ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁,၅၀၆,၃၆၀ ဦးရှိကြောင်း သိရှိရသည်။ အီရန်နိုင်ငံတွင် ကပ်ရောဂါအန္တရာယ်ပေါ်မူတည်၍ အဆင့်သတ်မှတ်ခဲ့ရာတွင် လက်ရှိချိန်၌ အနီရောင် ၊ လိမ္မော်ရောင် ၊ အဝါရောင် နှင့် အပြာရောင်အန္တရာယ်အဆင့် သတ်မှတ်ထားသည့်မြို့များအနေဖြင့် ၉ မြို့ ၊ ၃၁ မြို့ ၊ ၂၉၅ မြို့ နှင့် ၁၁၃ မြို့ အသီးသီးရှိကြကြောင်း ၊ အီရန်နှစ်သစ်ကူးအချိန်ကာလတွင် အနီရောင် ၊ လိမ္မော်ရောင် နှင့် အဝါရောင်အဆင့်ရှိသောမြို့များတွင် အန္တရာယ်များသည့် လုပ်ငန်းများကို ရပ်နားထားစေခဲ့ကြောင်း သိရှိရသည်။

အီဂျစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၄၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၉၂,၁၉၅ ဦးအထိရှိလာကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၄၄ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၁,၃၈၄ ဦးအထိရှိလာကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလူသူ ၃၂၂ ဦးရှိပြီး ပြန်လည်သက်သာလာသူစုစုပေါင်း ၁၄၈,၀၈၉ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

——————————————-
(Chinese Version)

(国际疫情)综合消息:中东多国推进新冠疫苗接种 以色列进一步放开航空旅行

  新华社伊斯坦布尔3月16日电综合新华社驻中东地区记者报道:因近来境内新冠病毒传播得到一定程度的抑制,以色列自16日起进一步放开航空旅行。中东多国继续推进疫苗接种工作。

  根据以色列内阁的决定,以色列自16日起允许从任何地方出发的航班入境,但仍授权卫生部取消任何被认为可能危害公众健康的特定航班。
  以卫生部16日数据显示,当天新增确诊病例1718例,累计确诊822507例;新增死亡病例18例,累计死亡6047例;新增治愈病例2160例,累计治愈790136例。以国家冠状病毒信息和知识中心16日表示,以新冠病毒基本传染数目前已降至0.72。在传染病防控中,这个数值低于1意味着疫情在减弱。
  黎巴嫩卫生部16日说,全国新增确诊病例3480例,累计确诊423433例;新增死亡病例52例,累计死亡5474例;累计治愈333648例。黎巴嫩累计已有超过9.6万人接种第一剂新冠疫苗,超过2.2万人接种第二剂。

  卡塔尔卫生部16日说,当天新增确诊病例479例,累计确诊171212例;累计死亡268例;累计治愈158853例。卡塔尔疫苗接种进展顺利,目前全国15%以上的成年人接种了疫苗,累计接种疫苗51万剂。

  土耳其卫生部官网16日晚数据显示,新增确诊病例16749例,累计确诊2911642例;新增死亡病例71例,累计死亡29623例;累计治愈2734862例。截至16日晚,土耳其已完成超过1195万剂新冠疫苗接种。

  阿尔及利亚16日报告新增确诊病例130例,累计确诊124540例;累计死亡3045例。阿政府说,由于疫情的发展,从17日起调整防疫措施,实行宵禁的省从19个减少到16个,但原先实行的防止人员聚集的措施仍然有效。

  叙利亚卫生部官员16日表示,叙最近两周确诊病例呈明显增长趋势,首都大马士革是确诊病例和死亡病例最多的地区。叙卫生部当天发布的数据显示,新增确诊病例100例,累计确诊16656例;新增死亡病例6例,累计死亡1110例;新增治愈83例,累计治愈11141例。

  伊朗卫生部16日通报,境内新增确诊病例8380例,累计确诊1763313例;新增死亡病例97例,累计死亡61427例;新增治愈病例7059例,累计治愈1506360例。按疫情风险从高到低划分,目前全国红色、橙色、黄色和蓝色风险城市各有9个、31个、295个和113个。伊历新年期间,红色、橙色和黄色风险城市中的高风险行业将暂停营业。

  埃及卫生部16日数据显示,新增确诊病例640例,累计确诊192195例;新增死亡病例44例,累计死亡11384例;新增治愈病例322例,累计治愈148089例。(执笔记者:王峰;参与记者:潘晓菁、陈斌杰、夏晨、张淼、熊思浩、涂一帆、郑一晗、王尚、尚昊、郑思远、苏小坡、黄灵、李碧念、吴丹妮、马意翀、杨元勇、冀泽、王薇、刘宗亚)(完)

Photo
3月8日,旅客抵达以色列本古里安国际机场。 新华社发(吉尔•科恩•马根摄)