Connect with us

WORLD

နိုင်ဂျာနိုင်ငံက တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများ လက်ခံရရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Beijing Biological Products Institute Co., Ltd ကုမ္ပဏီတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်က COVID-19 ကာကွယ်ဆေးများ ထုတ်ပိုးနေသည့် ဝန်ထမ်းတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

နီယာမီ၊မတ် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးတစ်သုတ်သည် နိုင်ဂျာနိုင်ငံမြို့တော် နီယာမီမြို့(Niamey) သို့ မတ် ၂၁ ရက် က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို မြို့တော်လေဆိပ်၌ ကျင်းပခဲ့ရာ နိုင်ဂျာနိုင်ငံ သမ္မတ Mahamadou Issoufou ၊ နိုင်ဂျာဝန်ကြီးချုပ် Brigi Rafini ၊ ယာယီကျန်းမာရေးဝန်ကြီး Ahmed Boto တို့နှင့်အတူ နိုင်ဂျာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Zhang Lijun တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ တရုတ်နိုင်ငံအစိုးရနဲ့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းပြောပေးဖို့ တရုတ်သံအမတ်ကြီးကို ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်” ဟု နိုင်ဂျာသမ္မတ Mahamadou Issoufou က အခမ်းအနားတွင်ပြောကြားခဲ့သည်။

ထို့ပြင်သမ္မတက တရုတ်နိုင်ငံ နှင့် နိုင်ဂျာနိုင်ငံတို့အကြား ထူးကဲမှု နှင့် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး “ ဒီနေ့မှာတော့ တရုတ်နိုင်ငံအစိုးရဆီက ကိုဗစ်ကာကွယ်ဆေးလှူဒါန်းမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ် ၊ ဒီအခွင့်အရေးကို ဆုတ်ကိုင်ရင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့နိုင်ဂျာနိုင်ငံအကြား ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှု နဲ့ တည်ရှိမှုကို ဂုဏ်ယူပါတယ်” ဟု ဆိုသည်။

ယခုလှူဒါန်းမှုနှင့်အတူ နိုင်ဂျာနိုင်ငံအနေဖြင့် လာမည့် စနေနေ့တွင် နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါအခံရှိသူများ နှင့် သက်ကြီးရွယ်အိုများ ၊ ကာကွယ်ရေး နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း Issoufou ၏ပြောကြားချက်အရ သိရသည်။
နိုင်ဂျာနိုင်ငံတွင် သေဆုံးလူနာ ၁၈၅ ဦး နှင့် ပြန်လည်သက်သာပျောက်ကင်းသူ ၄,၅၃၈ ဦး အပါအဝင် လက်ရှိအချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄,၉၁၈ ဦး ရှိကြောင်း သိရသည်။(Xinhua)

———————————————-
(English Version)

Niger receives COVID-19 vaccines donated by China

NIAMEY, March 22 (Xinhua) — A batch of China-donated COVID-19 vaccines arrived in Niamey, capital of Niger, on Sunday.
President of Niger Mahamadou Issoufou, Prime Minister of Niger Brigi Rafini, Niger’s acting Health Minister Ahmed Boto and Chinese Ambassador to Niger Zhang Lijun attended the handover ceremony at the airport.

“I would like to ask the Chinese ambassador to convey our thanks to the Chinese government and to Chinese people,” Issoufou said.
The president also congratulated the excellent and diverse cooperation between Niger and China, saying that “Today we have just received a donation from the Chinese government of anti-COVID-19 vaccines. I take this opportunity to congratulate the dynamism of the cooperation that exists between Niger and the People’s Republic of China.”

According to Issoufou, with this donation, Niger will start the vaccination campaign against COVID-19 next Saturday, prioritizing vaccination of health personnel, then people who have comorbidity and the elderly, and the defense and security forces.

Niger has so far reported a total of 4918 confirmed cases of COVID-19, including 185 deaths, and 4538 cured cases.
A staff member checks the packaging quality of COVID-19 inactivated vaccine products at a packaging plant of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, Dec. 25, 2020. (Xinhua/Zhang Yuwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.