Connect with us

WORLD

ဘီနင်နိုင်ငံက Sinovac ကာကွယ်ဆေး တစ်သုတ် လက်ခံရရှိ

ဘီနင်နိုင်ငံရှိ စာသင်ကျောင်း တစ်ကျောင်း၌ နှာခေါင်းစည်း တပ်ဆင်၍ စာသင်ကြားနေသော ကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ကို့တ်နျူ ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ဘီနင်နိုင်ငံ၏ စီးပွားရေး မြို့တော် ကို့တ်နျူ (Cotonou) သို့ တရုတ်ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်သုတ်သည် မတ် ၂၁ ရက် ညနေပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဘီနင်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်တွင် ပထမဆုံး COVID-19 ရောဂါ စတင်တွေ့ရှိချိန်ကတည်းက တာဝန်ရှိသူများအား ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို တရုတ်-ဘီနင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အားပေးထောက်ခံခဲ့သည့် တရုတ်နိုင်ငံ အစိုးရအား ဂုဏ်ပြုချီးကျူးပါကြောင်း ကျန်းမာရေးဝန်ကြီး Benjamin Hounkpatin က Cardinal Bernadin Gantin အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကာကွယ်ဆေးများ ရောက်ရှိလာချိန်တွင် ပြောကြားခဲ့သည်။

ဘီနင်နိုင်ငံသို့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ရောက်ရှိလာစဉ် ဘီနင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Peng Jingtao က ယခုကဲ့သို့ ကာကွယ်ဆေးများရောက်ရှိလာခြင်းသည် COVID-19 ရောဂါ တိုက်ဖျက်ရေး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် စည်းလုံးညီညွတ်မှု၏ အစိတ်အပိုင်း ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ဘီနင်နိုင်ငံ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် စံပြဖြစ်ခဲ့ပြီး လက်တွေ့ကျကာ ထိရောက်မှု ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး အထူးသဖြင့် အာဖရိက နိုင်ငံများအတွက် လက်လှမ်းမီသော ကမ္ဘာ့ကုန်စည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(Chinese Version)

Benin receives a batch of Sinovac vaccine

COTONOU, March 22 (Xinhua) — A batch of coronavirus vaccine developed by the Chinese pharmaceutical company Sinovac arrived in Cotonou, the economic capital of Benin, on Sunday evening.

“I salute the Chinese government which, through the cooperation between our two countries, has supported the Beninese authorities in their efforts to fight the pandemic, since the appearance of the first case of COVID-19 on the territory of Benin on March 16, 2020,” said Health Minister Benjamin Hounkpatin as he welcomed the vaccines at Cardinal Bernadin Gantin International Airport.

For his part, Chinese Ambassador to Benin Peng Jingtao noted that the arrival of the Chinese vaccine in Benin, is part of the cooperation and solidarity between the two countries to fight against COVID-19.

“Since the start of the pandemic in Benin, cooperation between the two countries has been exemplary, pragmatic and effective. The Chinese vaccine is a global public good accessible to all developing countries, especially African countries,” he said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.