WORLD
အာဖရိကတိုက်တွင်COVID-19 ဖြစ်ပွားသူ ၄.၂၈ သန်း ကျော်လွန်ရောက်ရှိ
အက်ဒစ်ဘာဘာ၊ ဧပြီ ၇ ရက် (ဆက်ဟွာ)
The number of confirmed COVID-19 cases in Africa reached 4,282,183 as of Tuesday, the Africa Centers for Disease Control and Prevention (Africa CDC) said.
အာဖရိကတိုက်၌ ဧပြီ၇ ရက်အထိ COVID-19 အတည်ပြုလူနာအရေအတွက်သည် ၄,၂၈၂,၁၈၃ ဦးအထိရောက်ရှိလာခဲ့ကြောင်း အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။
အာဖရိကတိုက်အနှံ့တွင် ပြန်လည်သက်သာလာသည့် ကိုဗစ်လူနာအရေအတွက်မှာ ၃,၈၄၈,၈၈၅ ဦးရှိပြီး ကပ်ရောဂါကြောင့် သေဆုံးသူ ၁၁၄,၁၂၂ ဦး ရှိကြောင်း အဖွဲ့ဝင် ပေါင်း၅၅ နိုင်ငံပါဝင်သည့် အာဖရိကသမဂ္ဂ(AU) ကျန်းမာရေးစောင့်ရှောက်မှု အေဂျင်စီ အထူးပြု Africa CDC ကပြောသည်။
တောင်အာဖရိကနိုင်ငံသည် COVID-19 ရောဂါ ဖြစ်ပွားမှုအတည်ပြုချက်များအရ ဖြစ်ပွားမှု အများဆုံး ဒေသဖြစ်ပြီး ယင်းနောက်တွင် အာဖရိကမြောက်ပိုင်းဒေသ နှင့် အာဖရိက အရှေ့ပိုင်းဒေသများသည် ဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း အာဖရိကျန်းမာရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဖရိကနိုင်ငံများ၌ အများဆုံးဖြစ်သည့် တောင်အာဖရိက၌ COVID-19 အတည်ပြုလူနာပေါင်း ၁,၅၅၂,၄၁၆ ဦးရှိပြီး ယင်းနောက်တွင် မော်ရိုကို က ၄၉၈,၃၂၉ ဦး၊ တူနီးရှားက ၂၆၁,၁၇၇ ဦး ရှိကြောင်း ဆိုသည်။ အီသီယိုးပီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံ တို့သည် လက်ရှိအခြေအနေအရ စတုတ္ထနှင့် ပဉ္စမ နေရာတွင် ရှိကြောင်း သိရသည်။
အာဖရိက နိုင်ငံများအနေဖြင့် မတူညီသည့် ကုမ္ပဏီများထံမှ COVID-19 ကာကွယ်ဆေး ၂၉.၁ သန်းကျော်ရရှိခဲ့ရာ ၎င်းတို့အထဲတွင် COVAX ထောက်ပံ့မှုနှင့်ရရှိသည့်ဆေးများနှင့် COVAX မဟုတ်ဘဲ နှစ်နိုင်ငံသဘောတူညီမှုအရ ထောက်ပံ့သည့်ဆေးဝါးများပါဝင်ကြောင်း အာဖရိက CDC ကဆိုသည်။
အာဖရိကတစ်တိုက်လုံးတွင် ကာကွယ်ဆေး ခန့်မှန်းခြေအားဖြင့် ၁၀.၃ သန်းခန့် ထိုးနှံပြီးဖြစ်ကြောင်း အေဂျင်စီကဆိုသည်။ကျန်းမာရေးဝန်ထမ်းများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် အသက် ၅၀ နှင့် သက်ကြီးရွယ်အိုများမှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)
အာဖရိကတိုက်
Africa’s COVID-19 cases pass 4.28 million
ADDIS ABABA, April 7 (Xinhua) — The number of confirmed COVID-19 cases in Africa reached 4,282,183 as of Tuesday, the Africa Centers for Disease Control and Prevention (Africa CDC) said.
The Africa CDC, the specialized healthcare agency of the 55-member African Union (AU), said the death toll from the pandemic stood at 114,122, while 3,848,885 patients across the continent have recovered from the disease.
In terms of the caseload, southern Africa is the most affected region, followed by northern Africa and eastern Africa, while central Africa is the least affected region in the continent, according to the African health agency.
South Africa has recorded 1,552,416 COVID-19 cases, the most among African countries, followed by Morocco at 498,329 and Tunisia at 261,177, it said. Ethiopia and Egypt currently rank the fourth and the fifth respectively in terms of national tally.
African countries have so far received more than 29.1 million COVID-19 vaccine doses from different sources, including the COVAX facility and through bilateral agreements outside COVAX, according to the Africa CDC.
The agency said approximately 10.3 million vaccine doses have been administered across the continent. Healthcare workers, people with comorbidities, and the elderly aged 50 years and above constitute the majority of those who have been vaccinated. Enditem