Connect with us

WORLD

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ရောက်ရှိလာပြီးနောက် နီပေါနိုင်ငံ၌ COVID-19 ကာကွယ်ဆေး ထိုးနှံမှု ပြန်လည်စတင်

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၂၉ ရက်တွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများ ကြိုဆိုသည့် အခမ်းအနား၌ နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နှင့် နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီးတို့အား တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေသည့်ကြားထဲတွင် ဧပြီ ၇ ရက်က တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများ ထိုးနှံအသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ကျန်းမာရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နီပေါနိုင်ငံသို့ မတ် ၂၉ ရက်တွင် Sinopharm မှ ထုတ်လုပ်သော တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အသုတ် တစ်သုတ်အား ပို့ဆောင်ပေးခဲ့သည်။

 နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် အခန်းတစ်ခန်းတွင် အလုပ်လုပ်ကိုင်နေသော ကျန်းမာရေး ဝန်ထမ်းအား တွေ့ရစဉ်(ဆင်ဟွာ) 

“တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကို ဧပြီ ၇ ရက်က စပြီးတော့ ပြည်သူတွေကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Jageshwor Gautam က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ ပညာသင်ဆုအောက်တွင် တရုတ်နိုင်ငံ၌ ပညာသင်ကြားနေသော ကျောင်းသားများသည် လတ်တလောတွင် ကပ်ရောဂါကြောင့် နီပေါနိုင်ငံ၌ ရှိနေခဲ့ကြောင်း ၊ နီပေါကျောင်းသားများသည် အဆင့်မြင့်ပညာ သင်ကြားရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း နှင့် နီပေါနိုင်ငံ နှင့် တရုတ်နိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ပြုလုပ်သူတို့သည် အရေးကြီးသော လုပ်ငန်းစဉ်တွင် ပါဝင်နေပြီး ၎င်းတို့အား တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်တွင် စတင်ခဲ့သည့် ကာကွယ်ဆေးထိုးနှံမှု ပထမအဆင့်တွင် ကျန်းမာရေး အလုပ်သမားများ နှင့် စာတိုက် နှင့် တယ်လီဖုန်း ရေပေးဝေရေး နှင့် ဖြန့်ဖြူးရေး ၊ ဟိုတယ် နှင့် စားသောက်ဆိုင် ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ၊ လျှပ်စစ်ဓာတ်အား သိုလှောင်ဖြန့်ဖြူးရေး ၊ စားသောက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ၊ စက်ပစ္စည်း ရောင်းချဖြန့်ဖြူးရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသောသူများ အရေးကြီးသော အလုပ်သမားများ လွဲချော်ခဲ့ရကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများအား Kathmandu Valley ရှိ သတ်မှတ်ထားသော ဆေးရုံများတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Jageshwor Gautam က ပြောကြားခဲ့သည်။ နီပေါနိုင်ငံ အစိုးရသည် နိုင်ငံတွင်း COVID-19 ဖြစ်ပွားသူ လူနာအရေအတွက် စတင်မြင့်တက်လာချိန်တွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများအား ထိုးနှံမှုများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံ၌ ဧပြီ ၅ ရက်တွင် COVID-19 လူနာ ၁၇၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မတ်လ အစောပိုင်းတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် တစ်ရက်လျှင် ၅၀ အောက်သာ ဖြစ်ပေါ်ခဲ့သည်။

နီပေါနိုင်ငံသည် ကာကွယ်ဆေး ထိုးနှံမှု ဆက်လက် ပြုလုပ်ရန် တစ်ခြားအရင်းအမြစ်များမှ ကာကွယ်ဆေး အလုံအလောက် ရရှိရန် ရုန်းကန်နေရချိန်တွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ရောက်ရှိလာခဲ့သည်။နီပေါနိုင်ငံသည် ယခုထိ ပြည်သူ ၁ ဒသမ ၇ သန်းမှာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံခဲ့ပြီး ဖြစ်ကြောင်း ကျန်းမာရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

နီပေါနိုင်ငံ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ ဇီဝထုတ်ကုန်များကုမ္ပဏီလီမိတက် ပေကျင်းအင်စတီကျု လက်အောက်ရှိ Sinopharm မှ ထုတ်လုပ်သော ကာကွယ်ဆေးအား နီပေါနိုင်ငံ၌ အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)  
————————————
(English Version)
On March 29, a batch of Chinese COVID-19 vaccines developed by Sinopharm was delivered to Nepal.
“The Chinese vaccine will be inoculated among people starting from Wednesday,” Jageshwor Gautam, spokesperson at the health ministry, told a press conference.
“Those involved in essential services, students studying in China under the Chinese government scholarship but are currently stuck in Nepal due to pandemic, Nepali students preparing to leave for China for the higher study and people involved in cross-border trade between Nepal and China will be inoculated with the Chinese vaccine.”
According to the ministry, essential workers include the people who are working in postal and telephone services, water supply and distribution, hotels and restaurant, public transportation services, electricity supply, storage and transportation of consumer goods, sales and distribution of medicines and the health workers who had missed out in the first phase of the vaccination drive that began on Jan. 27.
Gautam said the Chinese vaccines would be administered from designated hospitals in Kathmandu Valley. The Nepali government is vaccinating with Chinese vaccines at a time when the number of COVID-19 cases has started to rise in Nepal.
Nepal reported 176 COVID-19 cases on Monday. In early March, the cases went down below 50 per day.
The Chinese vaccines arrived when the Himalayan country was struggling to get enough vaccines from other sources to continue its vaccination drive. Nepal has so far inoculated over 1.7 million people in two phases, according to the Ministry of Health and Population.
On Feb. 17, the Nepali Department of Drug Administration approved the vaccine developed by China’s Beijing Institute of Biological Products Co. Ltd. under Sinopharm, for the emergency use in Nepal. ■