Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၈ သန်းအထိရောက်ရှိ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Telangana ပြည်နယ် ဟိုက်ဒရာဘတ်မြို့တွင် အကြီးဆုံး လက်ကားဈေးကြီးများ အနက် တစ်ခုဖြစ်သော Mahbub mansion ဧရိယာရှိ ဈေးဆိုင်များအား သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (DRF) တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းနေကြစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း ဧပြီ ၂၈ ရက်နံနက်ပိုင်းမှစ၍ သေဆုံးသူ ၃,၆၄၅ ဦးရှိခဲ့ရာ နေ့စဉ်သေဆုံးသူစာရင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း သေဆုံးသူအနေဖြင့်မူ ၂၀၄,၈၃၂ ဦးအထိရှိလာပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိရောဂါဖြစ်နေဆဲ လူနာအရေအတွက်မှာ ၃,၀၈၄,၈၁၄ ဦးရှိကြောင်း၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူနာ ၁၀၆,၁၀၅ ဦး တိုးလာခြင်းဖြစ်ကြောင်း၊ ဆေးရုံများမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၅,၀၈၆,၈၇၈ ဦးရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ကိန်ဂဏန်းမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ သို့သော်လည်း အပြည့်အဝ လော့ခ်ဒေါင်းချမှတ်ခြင်းကိုလည်း သတ်မှတ်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလက ရောဂါဖြစ်ပွားသူအရေအတွက် ၁၀,၀၀၀ အောက် တစ်ကြိမ်ရောက်ရှိခဲ့ပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း၌မူ နေ့စဉ်ရောဂါဖြစ်ပွားသူအရေအတွက်မှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း ဇန်နဝါရီလတွင် စတင်ခဲသည့် နိုင်ငံအနှံ့ကာကွယ်ဆေးထိုးနှံခြင်း စတင်စဉ်ကတည်းက ကာကွယ်ဆေးထိုးနှံပြီးသူ သန်း ၁၅၀ ကျော်ရှိပြီဖြစ်သည်။

ပြည်သူများအနေဖြင့် မေ ၁ ရက်မှစတင်မည့် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် အွန်လိုင်းမှစာရင်းသွင်းခြင်းကို ဧပြီ ၂၈ ရက်တွင် စတင်ခဲ့ကြောင်း၊ ယင်းအစီအစဉ်မှာ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း တတိယအဆင့်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယအစိုးရအနေဖြင့် COVID-19 စစ်ဆေးပေးသည့်နေရာများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၈ ရက်အထိ ရောဂါစစ်ဆေးမှု ၂၈၄,၄၇၁,၉၇၉ ခုရှိခဲ့ကြောင်း အိန္ဒိယ ဆေးသုတေသနကောင်စီမှ ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်အရ သိရသည်။

နိုင်ငံမြို့တော်ဖြစ်သော ဒေလီမြို့သည် အိန္ဒိယနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုအများဆုံးအနက် တစ်နေရာဖြစ်ကာ ဧပြီ ၂၈ ရက်၌ ရောဂါဖြစ်ပွားသူအသစ် ၂၅,၉၈၆ ဦးနှင့် သေဆုံးသူအသစ် ၃၆၈ ဦးရှိခဲ့ရာ ယင်းမြို့၌သေဆုံးသူ စုစုပေါင်း ၁၅,၃၇၇ ဦးအထိရှိပြီဖြစ်ကြောင်း ဒေလီမြို့တော် ကျန်းမာရေးဦးစီးဌာနက အတည်ပြုခဲ့သည်။ (Xinhua)
————————————
(English Version)
India’s COVID-19 tally crosses 18 million
Source: Xinhua| 2021-04-29 13:17:42|Editor: huaxia
NEW DELHI, April 29 (Xinhua) — India’s COVID-19 tally surpassed 18 million, reaching 18,376,524 on Thursday, as a fresh high of 379,257 new cases were recorded during the past 24 hours, said the federal health ministry.
As many as 3,645 deaths reported across the country since Wednesday morning, also the highest daily spike, took the total death toll to 204,832.
There are still a total of 3,084,814 active cases in the country, with an increase of 106,105 in the past 24 hours, as 15,086,878 people have been cured and discharged from hospitals so far.
The COVID-19 figures continue to peak in the country, but the federal government has ruled out imposing a complete lockdown.
The number of daily active cases has been on the rise over the past few weeks, after once coming down to below 10,000 in January.
So far over 150 million vaccination doses have been administered to the people across the country, since the nationwide inoculation drive started in January.
Online registration began on Wednesday for vaccinating people aged above 18, which will start from May 1. This would be the third phase of COVID-19 vaccination.
Meanwhile, the federal government has ramped up COVID-19 testing facilities, as 284,471,979 tests have been conducted till Wednesday, according to the latest data issued by the Indian Council of Medical Research on Thursday.
The national capital Delhi, one of the most COVID-19 affected places in the country, witnessed over 25,986 new cases and 368 deaths through Wednesday. As many as 15,377 people have died in the national capital due to COVID-19, confirmed Delhi’s health department. Enditem
Personnel from Disaster Response Force (DRF) sanitize shops at the Mahbub mansion area, one of the biggest wholesale markets in Hyderabad, capital of India’s southern state of Telangana, on April 26, 2021. (Str/Xinhua)