Connect with us

WORLD

တောင်ကိုရီးယားနိုင်ငံ သမ္မတ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူ

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းသည် ဆိုးလ်မြို့ရှိ ပြည်သူ့ကျန်းမာရေးစင်တာတွင် ယနေ့ ဧပြီ ၃၀ ရက်၌ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတ အိမ်ပြာတော်က ပြောကြားခဲ့သည်။

မွန်သည် မတ် ၂၃ ရက်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သည်။

သမ္မတ မွန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ထိပ်သီးဆွေးနွေးပွဲများအတွက် အမေရိကန်ခရီးစဉ်ရက်အား သတ်မှတ်ထားပြီးဖြစ်သဖြင့် သတ်မှတ်ရက်ထက်စောကာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ခြင်း ဖြစ်သည်။

မွန်သည် ဘိုင်ဒန်၏ ဖိတ်ကြားချက်ဖြင့် အိမ်ဖြူတော်တွင် မေ ၂၁ ရက်၌ ဘိုင်ဒန်နှင့် ထိပ်သီးဆွေးနွေးမှုများ အတွက် ဝါရှင်တန်သို့ သွားရောက်ရန်လျာထားကြောင်း သမ္မတ၏ ပြည်သူ့ဆက်သွယ်ရေး အကြီးတန်းအကြံပေး Chung Man-ho က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
S. Korean president receives 2nd dose of COVID-19 vaccine
SEOUL, April 30 (Xinhua) — South Korean President Moon Jae-in on Friday received his second dose of the COVID-19 vaccine at a public health center in Seoul, according to the presidential Blue House.
The first jab was administered to Moon on March 23.
The president got the second shot earlier than usual as the date of his U.S. trip for summit talks with U.S. President Joe Biden was fixed.
Chung Man-ho, senor presidential secretary for public communication, told a press briefing that Moon is slated to visit Washington for summit talks with Biden on May 21 at the White House at Biden’s invitation. Enditem

South Korean President Moon Jae-in waves upon his arrival at the White House in Washington D.C., the United States, on June 30, 2017. (Xinhua/Yin Bogu)