Connect with us

WORLD

ကုလသမဂ္ဂက အိန္ဒိယနိုင်ငံ COVID-19 တိုက်ဖျက်ရေး ကူညီပေးနေကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ မီးသဂြိုဟ်နေရာတစ်ခု၌ ဧပြီ ၂၆ ရက်က COVID-19 ရောဂါကြောင့် သေဆုံးသူများအား အစုလိုက်အပြုံလိုက် မီးသဂြိုဟ်နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ရင်ဆိုင်ရုန်းကန်နေရချိန်တွင် ကုလသမဂ္ဂအဖွဲ့က အကူအညီများ ပေးနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ကုလဌာနေညှိနှိုင်းရေးမှူး Renata Lok-Dessallien ဦးဆောင်သော အဖွဲ့သည် ဒေသအစိုးရ အပါအဝင် ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းဖြင့် တာဝန်ရှိသူများ၏ ကပ်ရောဂါအပေါ် တုံ့ပြန်ဆောင်ရွက်မှုများကို အကူအညီပေးနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့သည် အောက်စီဂျင်အသက်ရှူစက် အလုံး ၇,၀၀၀ နှင့် အောက်စီဂျင်ထောက်ပံ့ရေးအတွက် နှာခေါင်းစည်း ကိရိယာ ၅၀၀ အပြင် အောက်စီဂျင်ထုတ်လုပ်သည့်စက်များ ၊ COVID-19 ရောဂါစမ်းသပ်စက်များ နှင့် တကိုယ်ရည်သုံးအကာအကွယ် ပစ္စည်းများ အပါအဝင် ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ရေး ပစ္စည်းများရရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ရွေ့လျားယာယီဆေးရုံများ တည်ဆောက်ရေးအတွက် ကူညီပေးနေသည့်အပြင် ဓာတ်ခွဲခန်းများလည်း ထောက်ပံ့ပေးနေသည်။ ကျန်းမာရေးတာဝန်ရှိသူများအား ထောက်ပံ့ပေးရန် WHO ကွင်းဆင်းအရာရှိ ၂,၆၀၀ ခန့်ကို ချက်ချင်းစေလွှတ်ခဲ့ပြီး ဖြစ်သည်။ အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် အနောက်ပိုင်းသည် နိုင်ငံအတွင်း ရောဂါဒုတိယအများဆုံး ဖြစ်ပွားရာ နေရာဖြစ်ပြီး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)သည် အန္တရာယ်ရှိသော စီမံခန့်ခွဲမှုအပေါ်တွင် လုပ်ဆောင်ရန် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Farhan Haq က နယူးယောက်မြို့၌ နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့သည် နှာခေါင်းစည်း တပ်ဆင်ခြင်း ၊ လက်ဆေးခြင်း နှင့် ၊ ခြောက်ပေအကွာနေထိုင်ပြောဆိုခြင်း စသည့် အချက်သုံးချက်ကို အဓိကထားရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်နေသည်။

ဧပြီ ၂၅ ရက်တွင် အဆုံးသတ်ခဲ့သော ၇ ရက်ကြာကာလအတွင်း ကမ္ဘာတစ်ဝှမ်း COVID-19 လူနာသစ်အားလုံး၏ ၃၈ ရာခိုင်နှုန်းသည် အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်းတွင် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော အပတ်က အိန္ဒိယနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူအရေအတွက်သည် တစ်ပတ်ထက်တစ်ပတ် ၉၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ပြီးခဲ့သော ၇ ရက်တွင်း ဗိုင်းရပ်စ်ရောဂါကြောင့် လူပေါင်း ၁၅,၁၆၁ ဦး သေဆုံးခဲ့ကြောင်း WHO က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
UN helping India fight COVID-19: spokesman
UNITED NATIONS, April 28 (Xinhua) — The United Nations is helping India in its uphill battle against COVID-19, said a UN spokesman on Wednesday.
The UN team in India, led by Resident Coordinator Renata Lok-Dessallien, is supporting the authorities’ response to the pandemic by providing equipment and supplies, including to local governments, said Farhan Haq, deputy spokesman for UN Secretary-General Antonio Guterres.
The World Health Organization (WHO) and the UN Children’s Fund (UNICEF) are equipment and supplies, including 7,000 oxygen concentrators and 500 nasal devices for oxygen supply, as well as oxygen-generating plants, COVID-19 testing machines, and personal protective kits, he said.
The WHO is also helping to set up mobile hospital units and is providing for laboratories. Some 2,600 WHO field officers have been immediately deployed to support health authorities. In the western state of Maharashtra, the second-most populous in India, UNICEF has engaged experts to work on risk governance, he told a daily press briefing in New York.
The UN team in India is also continuing its campaign to highlight the three Ws: Wear a mask, Wash your Hands, Watch your distance and stay six feet apart, he added.
India alone accounted for 38 percent of all new COVID-19 cases recorded worldwide in the seven-day period that ended on April 25. India also reported a 93 percent week-on-week increase in the number of coronavirus-related deaths last week. In the past seven days, 15,161 people lost their lives to the virus, the WHO said Wednesday. ■