WORLD
အာဂျင်တီးနားနိုင်ငံ၏ COVID-19 လူနာ အရေအတွက် ၃ သန်းကျော်ထိရှိလာ
ဗျူနိုအေးရိစ် ၊ မေ ၃ ရက်(ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁၁,၃၉၄ ဦး နှင့် သေဆုံးသူ ၁၅၆ ဦး ရှိခဲ့ပြီး နိုင်ငံအနှံ့ရောဂါ ဖြစ်ပွားသူပေါင်း ၃,၀၀၅,၂၅၉ ဦး နှင့် သေဆုံးသူ ၆၄,၂၅၂ ဦး အသီးသီး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုထိ ရောဂါပြန်လည်သက်သာလာသူ ၂,၆၇၆,၁၉၇ ဦး ရှိပြီး ရောဂါဖြစ်ပွါးဆဲလူနာ ၂၆၄,၈၁၀ ဦး ကျန်ရှိနေသေးကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။ နိုင်ငံတစ်ဝှမ်း အထူးကြပ်မတ်ကုသဆောင်များတွင် လတ်တလော ဆေးကုသမှု ခံယူနေသူ လူနာ ၅,၃၇၁ ဦး နှင့်အတူ ဆေးရုံတက်ရောက်မှုနှုန်းသည် ၆၈ ဒသမ ၁ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုစတင်ခဲ့ပြီး ယခုထိ ကာကွယ်ဆေး အကြိမ်ရေ ၈ သန်းကျော်ထိုးနှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ တာဝန်ရှိသူများသည် မကြာသေးမီကဗျူနိုအေးရိစ်မြို့ပြဒေသတွင် ညအချိန်သွားလာမှုကန့်သတ်ချက်များကို မေ ၂၁ ရက်အထိ သက်တမ်းတိုးခဲ့ပြီး ဘားများနှင့် စားသောက်ဆိုင်များ ပိတ်သိမ်းချိန်အား ဒေသစံတော်ချိန် ည ၁၁ နာရီ နှင့် နံနက် ၆ နာရီကြား သတ်မှတ်ဖြည့်စွက်ခဲ့ကြောင်း သိရသည်။တစ်ဆက်တည်းမှာပင် လူမှုရေး ၊ တားဆီးကာကွယ်ရေး နှင့် လိုက်နာရမည့် အကွာအဝေး အစီအမံများကိုလည်း မေ ၂၁ ရက်ထိ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
Argentina’s COVID-19 cases top 3 million
BUENOS AIRES, May 2 (Xinhua) — Argentina reported 11,394 new COVID-19 cases and 156 new deaths over the past 24 hours, bringing the nationwide caseload and death toll to 3,005,259 and 64,252 respectively, its health ministry reported Sunday.
A total of 2,676,197 patients have so far recovered from the disease and 264,810 cases remain active, the ministry said.
Nationwide, the bed occupancy rate has reached 68.1 percent with 5,371 patients currently being hospitalized in intensive care units (ICUs).
So far, more than 8 million doses of vaccines have been administered since the country began its vaccination campaign on Dec. 29, 2020.
Authorities have recently extended nighttime mobility restrictions in the Buenos Aires Metropolitan Region until May 21 in addition to ordering the closure of bars and restaurants between 11:00 p.m. and 6:00 a.m. local time.
Meanwhile, social, preventive, and mandatory distancing measures will also stay in place until May 21. Enditem