Connect with us

WORLD

ထိုင်းနိုင်ငံ၌ COVID-19 လူနာအရေအတွက် ၇၀,၀၀၀ ဦးကျော်ထိရှိလာ ၊ နေ့စဉ်သေဆုံးမှု စံချိန်သစ်တင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်း တပ်ဆင်၍ ဖြတ်သန်းသွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ မေ ၃ ရက်တွင် COVID-19 လူနာသစ် ၂,၀၄၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၇၀,၀၀၀ ဦးကျော်ထိ ရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၃၁ ဦးနှင့်အတူ တစ်ရက်အတွင်း သေဆုံးသူ အရေအတွက် အများဆုံး ဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိခဲ့သော လူနာသစ်များတွင် ၂,၀၄၀ ဦးမှာ ပြည်တွင်းကူးစက်သူများ ဖြစ်ပြီး ကျန် တစ်ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူ ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)ထံမှ သိရသည်။ဘန်ကောက်မြို့ရှိ ဖျော်ဖြေရေးနေရာများမှ ပြန့်နှံ့မှုများ စတင်ဖြစ်ပွားချိန် ဧပြီလအစောပိုင်းတွင် လူနာအရေအတွက် ၃၀,၀၀၀ ထက်မနည်းပမာဏ နှင့် နှိုင်းယှဉ်ပါက ယခုအခါ လူနာပေါင်း ၇၁,၀၂၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

သေဆုံးသူအရေအတွက်မှာ ၂၇၆ ဦးထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သောလအစောပိုင်းကထက် သုံးဆနီးပါး ရှိခဲ့ကြောင်း သိရသည်။ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံအစိုးရသည် COVID-19 မျိုးဗီဇပြောင်း ကူးစက်မှု မရှိသည့် နိုင်ငံများမှ အပြည်ပြည်ဆိုင်ရာ ဧည့်သည်များအတွက် ပြီးခဲ့သောလအစောပိုင်းက ၁၀ ရက်ထိ လျှော့ချပေးခဲ့သည့် Quarantine ကာလကို နှစ်ပတ်ထိ မဖြစ်မနေ ဝင်ရောက်ရန် တိုးမြှင့်ခြင်း အပါအဝင် ကန့်သတ်အစီအမံများအား ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version

Thailand’s COVID-19 tally tops 70,000, daily fatalities hit new record

BANGKOK, May 3 (Xinhua) — Thailand on Monday reported 2,041 new COVID-19 cases, taking the total tally to top 70,000, with 31 new deaths, the highest number in a single day, as the country’s worst coronavirus outbreak continued to rage.

Of the new cases, 2,040 were domestic infections while the other one was imported, according to the Center for the COVID-19 Situation Administration.
The infections brought the country’s total caseload to 71,025, compared with less than 30,000 at the beginning of April when the latest outbreak started to spread from entertainment venues in the capital Bangkok.

The death toll climbed to 276, nearly tripled from the beginning of last month. To contain the spread of the disease, the Thai government has reintroduced restrictive measures, including increasing the mandatory quarantine period to two weeks, which was reduced early last month to 10 days for international visitors from countries with no cases of COVID-19 variant strains.