Connect with us

WORLD

နယူးယောက်မြို့ရှိ တိရစ္ဆာန်ရုံတွင် ကျားတစ်ကောင် COVID-19 ကူးစက်ခံရ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံးပြည်နယ် ဂျီနန်း(Jinan)တိရစ္ဆာန်ရုံအတွင်းရှိ ကျားတစ်ကောင်အားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့Bronx တိရစ္ဆာန်ရုံအတွင်းရှိ ကျားတစ်ကောင်သည် COVID-19 ရောဂါကူးစက်ခံထားရကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက ဧပြီ ၅ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

အသက် ၄ နှစ်အရွယ် မလေးရှားကျားမလေး Nadia သည် ရောဂါပိုး စမ်းသပ်မတွေ့ရှိမီ ချောင်းခြောက်များ ဆိုးနေခဲ့ကြောင်း သိရသည်။ ကျားမလေး Nadia ၏ အစ်မကျားမလေး Azul ၊ ရုရှားအရှေ့ဖျားကျားမျိုးစိတ် ဖြစ်သော Amur ကျားကြီး နှစ်ကောင် နှင့် အာဖရိကခြင်္သေ့ သုံးကောင်ထံတွင်လည်း အလားတူ လက္ခဏာများ တွေ့ရှိသဖြင့် အထူးစောင့်ကြပ်ကြည့်ရှုနေကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ကျားမလေး Nadia သည် COVID-19 ကူးစက်ခံထားရကြောင်းကို “ အမေရိကန်နိုင်ငံစိုက်ပျိုးရေးဌာန အမျိုးသားတိရစ္ဆာန်ဆေးကုသရေးဓာတ်ခွဲခန်း”ထံမှ အတည်ပြုချက်ရရှိခဲ့ကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်က ဆိုသည်။“ Bronx တိရစ္ဆာန်ရုံထဲမှာရှိတဲ့ ကျားတွေကို အထူးဂရုစိုက်ပေးနေသလို  ၊ အဲဒီတိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း သတိပြုနေထိုင်ဖို့  တပ်လှန့်ထားပါတယ်” ဟု တိရစာ္ဆန်ရုံ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကျားမလေး Nadia သည် ၎င်းအား ပြုစု စောင့်ရှောက်ပေးနေသည့် တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံမှ ရောဂါကူးစက်ခံရခြင်းဖြစ်ပြီး အဆိုပါ ဝန်ထမ်းတွင် ရောဂါလက္ခဏာများ ပြသခြင်း မရှိကြောင်း သိရသည်။“ ဒီလို ကျားတိရစ္ဆာန်လို မတူကွဲပြားတဲ့ မျိုးစိတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လို ကူးစက်ခံရသလဲဆိုတာကို မသိပါဘူး ။ဒါပေမယ့် ကူးစက်ခံရတဲ့ကျား အပြည့်အဝ နေပြန်ကောင်းလာဖို့ အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုတွေတော့ ဆက်လုပ်သွားမှာပါ” ဟု တိရစာ္ဆန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Bronx တိရစ္ဆာန်ရုံကို မတ် ၁၆ ရက် ကတည်းက အများပြည်သူဝင်ရောက် လည်ပတ်ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း သိရသည်။(Xinhua) 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.