Connect with us

WORLD

အစ္စရေးနိုင်ငံတွင် လူ ၈,၀၀၀ကျော် COVID-19 ကူးစက်ခံရ ၊ သေဆုံးသူ ၄၆ ဦးထိရှိလာ

အစ္စရေးနိုင်ငံ ရှိ စူပါမားကတ်တစ်ခုတွင် မတ် ၂၇ ရက် က ဈေးဝယ်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း  ၈,၀၁၈ ဦးထိရှိလာခဲ့ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၅ ရက် တွင်ပြောခဲ့သည်။  

COVID-19 ရောဂါဖြင့် သေဆုံးသူသစ် ၃ ဦး ထပ်မံရှိခဲ့ရာ ယခုအခါ နိုင်ငံအတွင်း သေဆုံးသူ အရေအတွက်မှာ ၄၆ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခုနောက်ဆုံး သေဆုံးသွားကြသူများသည် အသက် ၈၈ နှစ် နှင့် ၈၄ နှစ် အရွယ် အဖွားအို နှစ်ဦး နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး တို့ ဖြစ်ကြပြီး ၎င်းတို့သည် အခြားသော ပြင်းထန်သည့် ရောဂါဝေဒနာများကို အသီးသီး ခံစားခဲ့ရကြောင်း သိရသည်။

အစ္စရေးနိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် COVID-19 ရောဂါ ဆေးကုသမှုခံယူနေသူ ၇၃၉ ဦး ရှိကြောင်း ၊ ယင်းတို့အနက် ၁၂၇ ဦးမှာ အလွန်စိုးရိမ်ဖွယ် အခြေအနေတွင်ရှိနေပြီး ၁၇၃ ဦးမှာ  ရောဂါအနေအထား အလယ်အလတ်အဆင့်တွင် ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117