Connect with us

WORLD

တရုတ်နိုင်ငံက အယ်လ်ဂျီးရီးယားနိုင်ငံ၏ COVID-19 တိုက်ဖျက်မှုကို ကူညီရန် ဒုတိယအကြိမ်ဆေးပစ္စည်းလှူဒါန်းမှု ပေးပို့

အယ်လ်ဂျီးယားစ်၊  ဧပြီ ၁၆ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားစဉ်ကတည်းက ဒုတိယအကြိမ်မြောက် လှူဒါန်းမှုအဖြစ် တရုတ်နိုင်ငံမှ ဆေးပစ္စည်းများ ဧပြီ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

အယ်လ်ဂျီးယားစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ကပ်လာသည့် အလှူပစ္စည်းများအား သယ်ဆောင် လာသည့် လေယာဉ်ကို အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Lotfi Djamel Benbahmed နှင့် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် လီလျန်ဟဲ တို့က ကြိုဆိုခဲ့ကြသည်။

အယ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားစ်မြို့ရှိ အယ်ဂျီးယားစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းများအား လေယာဉ်ပေါ်မှအောက်သို့ ချနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယခုလှူဒါန်းပစ္စည်းများမှာ   ဆေးဘက်သုံးနှာခေါင်းစည်းများ၊ ရောဂါစမ်းသပ်ပစ္စည်းများ၊ ကျန်းမာရေးသုံး အကာအကွယ်ဝတ်စုံများ အပါအဝင် ရောဂါကာကွယ်ရေးကိရိယာများ ပါဝင်သည်ဟု Benbahmed က သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်းက ဆက်၍ “ဒီလှူဒါန်းမှုက အယ်လ်ဂျီးရီးယားနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးက ဘယ်လောက်နက်ရှိုင်းပြီး သမိုင်းဝင်ဖြစ်လဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ” ဟု ပြောခဲ့သည်။ 

တရုတ်သံအမတ်ကြီး လီလျန်ဟဲကလည်း “အယ်လ်ဂျီးရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ ခိုင်မာပြီး ကောင်းမွန်သော ဆက်ဆံရေးရှိပါတယ်”  ဟု ဆိုသည်။

ဖေဖော်ဝါရီအစောပိုင်းက အယ်လ်ဂျီးရီးယား နိုင်ငံက တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မှုတွင် ကူညီရန်  ဆေးပစ္စည်းအကူအညီများ ပေးပို့ခဲ့သည်။

တရုတ်နိုင်ငံသည် အယ်လ်ဂျီးရီးယားနိုင်ငံသို့  ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ၊ N95 နှာခေါင်းစည်းများ ၊ အကာအကွယ်ဝတ်စုံများ၊ မျက်နှာဖုံးအကာများ၊ အထူးကြပ်မတ်ကုသရာတွင် အသုံးပြုနိုင်မည့် အသက်ရှူစက်များ ပါဝင်သည့် ပထမအသုတ် ဆေးပစ္စည်းများအား ပြီးခဲ့သည့်လက ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.