Connect with us

WORLD

တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အာဏာရပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရ

ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြား ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ သမ္မတ မွန်ဂျေအင် (Moon Jae-in) ၏ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း သိရသည်။

ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည့် အမျိုးသား ရွေးကောက်ပွဲကော်မရှင်၏ ကနဦးရလဒ်များအရ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်နေရာ ၁၆၃ နေရာအတွက် သေချာစေခဲ့ပြီး မိတ်ဖက်ပါတီဖြစ်သော ပလက်ဖောင်းပါတီက အချိုးကျအမတ်နေရာ (PR) ၁၇ နေရာ ရရှိခဲ့သည်။

လွှတ်တော် အမတ်နေရာ ၃၀၀ အတွက် လေးနှစ်တစ်ကြိမ်ကျင်းပသော ရွေးကောက်ပွဲအား နိုင်ငံတစ်ဝန်းတွင် ဧပြီ ၁၅ ရက်က ကျင်းပခဲ့ရာ မဲဆန္ဒရှင်များက မဲဆန္ဒနယ်နေရာ ၂၅၃ နေရာနှင့် PR နေရာ ၄၇ နေရာအတွက် မဲပေးခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲသည် ၁၉၈၇ ခုနှစ်တွင် စစ်အာဏာရှင်စနစ်အဆုံးသတ်ရန် အခြေခံဥပဒေ ပြင်ဆင်ကာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီးနောက် နိုင်ငံရေးပါတီတစ်ခုတည်းမှ လွှတ်တော်အမတ်နေရာ ငါးပုံသုံးပုံ အနိုင်ရရှိခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

အဓိက အတိုက်အခံ ကွန်ဆာဗေးတစ်ဖြစ်သည့် United Future ပါတီနှင့် ၎င်း၏ မိတ်ဖက်ပါတီက အမတ်နေရာ ၈၄ နေရာနှင့် PR နေရာ ၁၉ နေရာရရှိခဲ့သည်။

ဆန္ဒမဲပေးစဉ်တွင် ရောဂါကူးစက်မှုမှ ကာကွယ်ရန် ပြင်ဆင်မှုများအဖြစ် မဲရုံများ၌ ပိုးသတ်ဆေးဖျန်းခြင်းနှင့် မဲပေးသူများအကြား အနည်းဆုံး တစ်မီတာအကွာအဝေး မတ်တပ်ရပ်ရန်အတွက် မျဉ်းသားထားခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

မဲဆန္ဒရှင်များအား နှာခေါင်းစည်းများဝတ်ဆင်ခြင်း၊ ကိုယ်အပူချိန်စစ်ဆေးခြင်း၊ လက်သန့်ဆေးများဖြင့် လက်များဆေးကြောကာ တစ်ခါသုံးပလတ်စတစ်လက်အိတ်များ ဝတ်ဆင်ခြင်းဖြင့်သာ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117