Connect with us

WORLD

တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံ ကို COVID-19 စမ်းသပ်ကိရိယာများ လှူဒါန်း

ဒမတ်စကပ်စ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံ၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီရန် ပထမအသုတ်လှူဒါန်းမှု အဖြစ် COVID-19 စမ်းသပ်ကိရိယာ ၂,၀၁၆ ခုကို ဧပြီ ၁၅ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

စမ်းသပ်ကိရိယာများတင်ဆောင်လာသည့်လေယာဉ်သည် ဒမတ်စကပ်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၁၅ ရက်ညက ဆိုက်ရောက်လာခဲ့ပြီး ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဖိုင်ဇယ် မက်ဒက် (Faisal Mekdad) နှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ဖုန်းဗြောင်တို့က လက်ခံရယူခဲ့သည်။

 ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ၏ အကူအညီ ပစ္စည်းများအားတွေ့ရစဉ် (ဆင်ဟွာ)

လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ဖုန်းက  ဆီးရီးယားနိုင်ငံအတွက် တရုတ်နိုင်ငံ၏ နောက်ထပ် အကူအညီများ အသုတ်လိုက်ရောက်လာမည် ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် လူသားမျိုးနွယ်အတွက် ဘုံရန်သူဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းက ၎င်းကပ်ရောဂါကို အနိုင်ယူမည့် နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဆီးရီးယားနိုင်ငံ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်း တို့နဲ့အတူ အလုပ်လုပ်မှာဖြစ်ပြီး ဒီကပ်ရောဂါကို ပူးပေါင်းရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် နောက်ဆုံးမှာ ဒီကပ်ရောဂါကြီးကို ကျွန်တော်တို့ အနိုင်ရမယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏အကူအညီသည်   ဆီးရီးယားနှင့် တခြားနိုင်ငံများအပေါ် ကူညီရန် တရုတ်နိုင်ငံ၏ စစ်မှန်သော စိတ်ဆန္ဒပြင်းပြမှုကိုရောင်ပြန်ဟပ်နေသည်ဟု မက်ဒက် က ဆိုသည်။

ဆီးရီးယားနိုင်ငံတွင် ဧပြီ ၁၅ ရက်က COVID-19 အသစ်ဖြစ်ပွားမှု လေးဦးရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၃၃ ဦရှိပြီး ငါးဦးနေပြန်ကောင်းကာ  နှစ်ဦးသေဆုံးခဲ့သည်ဟု  ဆီးရီးယားကျန်းမာရေးဝန်ကြီး က  ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခြင်းအားထိန်းချုပ်နိုင်ရန် အပြင်မထွက်ရအမိန့်တစ်စိတ်တစ်ပိုင်းထုတ်ပြန်ခြင်း၊ စာသင်ကျောင်းများနှင့် တက္ကသိုလ်များ ဆိုင်းငံ့ခြင်း၊  မရှိမဖြစ်မဟုတ်သောလုပ်ငန်းများပိတ်ခြင်း အပါအဝင် ဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.