Connect with us

WORLD

တရုတ်ကောင်စစ်ဝန်ရုံး နှင့် တရုတ်ကုမ္ပဏီများက အမေရိကန် နိုင်ငံအတွင်း COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်း 

အမေရိကန်ပြည်‌ထောင်‌စုရှိ တရုတ်ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Donghua က ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသော လှူဒါန်းပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်‌ထောင်‌စုရှိ တရုတ်ကောင်စစ်ဝန်ရုံး နှင့် တရုတ်ကုမ္ပဏီများက နိုင်ငံအတွင်း COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် အကာအကွယ်ဝတ်စုံ(PPE)များ ဧပြီ ၁၄ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

“ကိုရိုနာဗိုင်းရပ်စ်က နယ်မြေ ၊ လူမျိုး မခွဲခြားပါဘူး။ အားလုံးရဲ့ ဘုံရန်သူပါ။ဗိုင်းရပ်စ်ကို အနိုင်ယူဖို့ တစ်ခုတည်းသော နည်းလမ်းက ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်မှု ၊ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်နဲ့ အတူတကွ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”ဟု ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် Wang Donghua က San Mateo ကောင်တီ ၏ Redwood မြို့၌ ပြုလုပ်သော လှူဒါန်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ 

အမေရိကန်ပြည်‌ထောင်‌စုရှိ တရုတ်ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Donghua က ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသော လှူဒါန်းပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ) 

ယင်းလှူဒါန်းပွဲ အခမ်းအနားတွင် အကာအကွယ်ဝတ်စုံ ၁၇၅ စုံ ၊ N95 နှာခေါင်းစည်း ၁,၆၀၀ နှင့် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း ၃,၀၀၀ တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။ 

“အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေဆဲ ဖြစ်တဲ့အတွက် ဆေးဘက်ဆိုင်ရာအထောက်အပံ့ များစွာ အလွန်အမင်း လိုအပ်ပါတယ်။ဒါက ဒီနယ်မြေအတွက် ကျွန်တော်တို့ရဲ့ လှူဒါန်းမှု တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါကို ပိုမိုတိုက်ဖျက်နိုင်ရန် လှူဒါန်းမှုများ ပို၍ လုပ်ဆောင်သွားရန် ကြိုးစားလျက် ရှိကြောင်းလည်း Wang က ထည့်သွင်း ပြောကြားခဲ့သည်။ 

“ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ကျွန်တော်တို့ ရရှိခဲ့တဲ့ အတွေ့အကြုံက အထောက်အကူ ဖြစ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံက ပြည်သူတွေနဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ အဆင်သင့်ပါပဲ။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

San Mateo ကောင်တီကြီးကြပ်ရေးမှူးရုံး၏ ရုံးအဖွဲ့အကြီးအကဲ David Burruto က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး  ယခုလှူဒါန်းမှုသည် ရှေ့တန်းတွင် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်နေသော ကျန်းမာရေးဝန်ထမ်းများ လုံခြုံမှု ရှိစေရေး ၊ ဗိုင်းရပ်စ် ရောဂါ တိုက်ဖျက်ရေး နှင့် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိရေးတို့အတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။ 

“အမေရိကန်နိုင်ငံ အကူအညီ လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ကူညီဖို့ ဒီမှာ အတူတကွ ရှိပါတယ်။ ဒါက ကျွန်တော်တို့ ဆက်ဆံရေး နှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ထားတဲ့ပုံစံ ဖြစ်ပါတယ်။”ဟု San Mateo ကောင်တီ ကုန်သွယ်ရေးရုံး  ၏ တရုတ်နိုင်ငံဆိုင်ရာအကြံပေးအရာရှိ Jojo Zou က ပြောကြားခဲ့သည်။ 

“ဒါက ကျွန်တော်တို့ို့အားလုံး အတူတကွ လုပ်ဆောင်မယ်ဆိုရင် လူတိုင်းအတွက်‌ မျှော်လင့်ချက်ဖြစ်စေနိုင်တယ်၊ ဗိုင်းရပ်စ်ရောဂါကို အနိုင်ယူနိုင်တယ်ဆိုတာ ပြသတာပါပဲ။”ဟု San Mateo ကောင်တီ မြောက်ပိုင်းရှိ Millbrae မြို့ကောင်စီဝင် တစ်ဦး ဖြစ်သူ Wayne Lee က ပြောကြားခဲ့သည်။ 

San Mateo ကောင်တီ သည် ဆန်ဖရန်စစ္စကို ပင်လယ်အော် ဧရိယာတွင် တည်ရှိပြီး ၊ နည်းပညာ မြင့်မားပြီး ဆန်းသစ်တီထွင်မှု ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်သည့် Silicon Valley ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117