Connect with us

WORLD

COVID-19 တိုက်ဖျက်ရန် တရုတ်နိုင်ငံမှ ပေးပို့သော တတိယအသုတ်အကူအညီများ ဘဂ္ဂဒက်မြို့သို့ ရောက်ရှိ 

တရုတ်နိုင်ငံမှ တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများ အီရတ်နိုင်ငံ ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေးတိုးမြှင့်ရန် တရုတ်နိုင်ငံ၏ ကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများသည် ဘဂ္ဂဒတ်မြို့သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းအသစ်တွေမှာ နှာခေါင်းစည်းတွေ၊ အကာအကွယ်ဝတ်စုံတွေ၊ လေကာရေကာမျက်မှန်တွေနဲ့ nucleic acid စမ်းသပ်ကိရိယာတွေ အဓိကပါဝင်တယ်” ဟု အီရတ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းထောင်းက ဘဂ္ဂဒတ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများ အီရတ်နိုင်ငံ ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

“အီရတ်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေဟာ နှစ်ပေါင်းများစွာ စစ်နဲ့ ပဋိပက္ခဒဏ်တွေကြောင့် တော်တော်လေးအားနည်းနေတယ်။ COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် အီရတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်အစိုးရရဲ့ ကူညီမှုက အလွန်အရေးပါပါတယ်” ဟု ကျန်းက ဆိုသည်။

တရုတ်နိုင်ငံမှ တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများ အီရတ်နိုင်ငံ ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့သည် အီရတ်နိုင်ငံ၌ ထဲထဲဝင်ဝင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ လွန်ခဲ့သည့်နှစ်လအတွင်း အီရတ်ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးဆွေးနွေးမှု ၂၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၁,၀၀၀ ကျော်အား လေ့ကျင့်ပေးခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံမှ တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများ အီရတ်နိုင်ငံ ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

အီရတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ကြီးမားသော လုပ်ဆောင်မှုများအတွက်လည်း ချီးကျူးကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆေးဖ် အယ်လ်-ဘတ် (Saif al-Badr) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများ အီရတ်နိုင်ငံ ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အီရတ်နိုင်ငံသို့  မတ် ၇ ရက်က တရုတ်ဆေးပညာရှင် ၇ ဦးနှင့်အတူ ပထမအသုတ် ဆေးဘက်ဆိုင်ရာ အကူအညီများဖြင့် လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ဒုတိယအသုတ် အကူအညီများဖြင့် လည်းကောင်း ပေးပို့ခဲ့ကြောင်း သိရသည်။အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက်အထိ ကြေညာချက်အရ နိုင်ငံတစ်ဝန်း COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၁,၅၃၉ ဦးဖြစ်ပြီး သေဆုံးသူ ၈၂ ဦးရှိကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.