Connect with us

WORLD

နှာခေါင်းစည်း အခုရေ သန်း ၂၀ တင်ဆောင်ထားသော  ကုန်တင်ရထား တရုတ်နိုင်ငံမှ ရုရှားနိုင်ငံသို့ ထွက်ခွာ

တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

နှာခေါင်းစည်း အခုရေ သန်း ၂၀ တင်ဆောင်လာသည့် တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း စူကျိုးမြို့မှ ဧပြီ ၂၀ ရက်က ထွက်ခွာသွားခဲ့ပြီး ၁၂ ရက်အကြာ၌ မော်စကိုမြို့သို့ ရောက်ရှိမည်ဟု သိရသည်။

China Sinopharm International Corporation နှင့် ရုရှားနိုင်ငံအကြား မတ်လက လက်မှတ်ရေးထိုးထားသည့် ကုန်စည်သဘောတူညီချက်အရ ရောဂါကာကွယ်ရေးပစ္စည်းများအား ရုရှားနိုင်ငံသို့ ပို့ဆောင်ရန် တရုတ်-ဥရောပ ကုန်တင်ရထားများပေါ်သို့ မတင်ပို့မီ စူကျိုးမြို့၌ စတင်စုပေါင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လာမည့်လအတွင်း ခွဲစိတ်ခန်းသုံး ကုတင်များနှင့် ဆေးထိုးပြွန်များကဲ့သို့ ကျန်းမာရေးသုံး အထောက်အကူပစ္စည်း ၂၀၀ TEUs (20-foot equivalent units) ကျော်အား ဥရောပသို့ တင်ပို့ရန် မျှော်မှန်းထားသည်ဟု Suzhou Newcity Investment and Development Company ၊ ကုန်တင်ရထားဝန်ဆောင်မှုလုပ်ငန်း အထွေထွေမန်နေဂျာ ကျန်းဖန်က ပြောခဲ့သည်။ စူကျိုးမြို့တွင် မတ်လအတွင်း ကုန်တင်ရထားနှင့် ကွန်တိန်နာအရေအတွက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စာရင်းအင်းများအရ သိရသည်။  (Xinhua)