Connect with us

WORLD

ဂျက်မာဖောင်ဒေးရှင်းက အာဖရိကတွင် COVID-19 ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ၊ ရောဂါစမ်းသပ်ကိရိယာများ လှူဒါန်းမည်

ဂျက်မာဖောင်ဒေးရှင်း တည်ထောင်သူ ဂျက်မာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်းဒေးရှင်းမှ အာဖရိကတိုက်ရှိ ၅၄ နိုင်ငံတွင် COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကူညီရန် ရောဂါစမ်းသပ်ကိရိယာများ၊ နှာခေါင်းစည်းများနှင့် ရောဂါကာကွယ်ရေးဝတ်စုံများ အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျက်မာက ၎င်း၏ တရားဝင် Weibo အကောင့်တွင် မတ် ၁၆ ရက်က ကြေညာချက်အရ အာဖရိကတိုက်ရှိ ၅၄ နိုင်ငံသည် တစ်နိုင်ငံချင်းအနေဖြင့် ရောဂါရှာဖွေရေးကိရိယာ ၂၀,၀၀၀ ခု၊ နှာခေါင်းစည်း အခုရေ ၁၀၀,၀၀၀ နှင့် ရောဂါကာကွယ်ရေးဝတ်စုံနှင့် မျက်နှာအကာ အခုရေ ၁,၀၀၀ စီ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပစ္စည်းများအား အီသီယိုးပီးယားနိုင်ငံ အာဒစ် အဘာဘာမြို့သို့ ဦးစွာတင်ပို့လိုက်မည်ဖြစ်ကြောင်းနှင့် ၎င်းပစ္စည်းများအား သက်ဆိုင်ရာ အာဖရိကနိုင်ငံများသို့ ဆက်လက်ပို့ဆောင်ဖြန့်စေရေးအတွက် အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီယာ အာမတ် အလီ (Abiy Ahmed Ali) က ဦးဆောင်စီစဉ်သွားမည်ဖြစ်သည်။ ၎င်းဖောင်ဒေးရှင်းနှစ်ခုက COVID-19 လက်တွေ့ကုသမှုအတွက် အွန်လိုင်းလေ့ကျင့်ရေး အသုံးအဆောင်များ ထောက်ပံ့ရန် အာဖရိကရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ကြေညာထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.