Connect with us

WORLD

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါအတည်ပြုလူနာ ၈၆,၄၃၄ ဦး ရှိပြီဟု WHO ပြောကြား 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၁၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၈၆,၄၃၄ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၆ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ  သိရသည်

။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၁၆ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ကထက် ၁၃,၈၇၄ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၈၆,၄၃၄ ဦး ရှိပြီဖြစ်ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ  ၈၄၈ ဦး ရှိရာ စုစုပေါင်း သေဆုံးသူ ၃,၃၈၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားသူသည် ပြီးခဲ့သောရက်ကထက် ၁၃,၉၀၃ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၁၆၇,၅၁၁ ဦး ရှိကြောင်းနှင့် ထပ်တိုးသေဆုံးသူ ၈၆၂ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၆,၆၀၆ ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံပြင်ပ COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်သည် တရုတ်နိုင်ငံထက် ကျော်လွန်နေပြီဖြစ်ကြောင်း WHOက အစောပိုင်းကာလတွင် ကြေညာခဲ့သည်။ မတ် ၁၆ ရက် ဗဟို ဥရောပစံတော်ချိန် ၀၀:၀၀ နာရီတွင် တစ်ကမ္ဘာလုံး၌ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၆၄,၈၃၇ ဦး ရှိရာတွင် တရုတ်နိုင်ငံမှ ၈၁,၀၇၇ ဦး၊ တရုတ်နိုင်ငံပြင်ပတွင် ၈၃,၇၆၀ ဦး ရှိကြောင်း သိရသည်။ ဥရောပနိုင်ငံများ၏ အစီရင်ခံချက်များတွင် COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ဆက်တိုက်မြင့်တက်လျက်ရှိရာ WHOက မတ် ၁၃ ရက်တွင် ဥရောပတိုက်ကို COVID-19 ရောဂါ ဖြစ်ပွားရာ ဗဟိုချက်အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)