Connect with us

WORLD

တရုတ်နိုင်ငံ SINOVAC ကိုဗစ် ကာကွယ်ဆေး ဘရာဇီးတွင် အရေးပေါ်အသုံးပြုခွင့်ရရှိ

ဘရာဇီးနိုင်ငံ ဆောပိုလိုတက္ကသိုလ်ဆေးရုံတွင် ဆေးဝန်ထမ်းတစ်ဦးက တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။ ဘရာဇီး၏ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူများအား ယင်းနေ့တွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။

ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)၏ စီမံအုပ်ချုပ်သူ (၅) ဦးစလုံးသည် ယင်းနေ့ အထူးအစည်းအဝေးတွင် အတည်ပြုမဲပေး၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ CoronaVac ကာကွယ်ဆေးအပြင် ယင်းနေ့ အသုံးပြုခွင့်ပေးလိုက်သည့် ကာကွယ်ဆေးတွင် Oxford နှင့် ဗြိတိန် AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းသုတေသနပြုထုတ်လုပ်ထားသည့် ကိုဗစ်ကာကွယ်ဆေးလည်း ပါဝင်ကြောင်း သိရသည်။

ဘရာဇီး၏ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူMonica Calazans အား ဆောပိုလိုတက္ကသိုလ်ဆေးရုံတွင် CoronaVac ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီး၏လက်ရှိ ကပ်ရောဂါအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း၊ သိပ္ပံသုတေသနရလဒ်ကိန်းဂဏန်းများအရ အဆိုပါ ကာကွယ်ဆေး နှစ်မျိုးစလုံးသည် အရေးပေါ်အသုံးပြုနိုင်သည့် အရည်အသွေး၊ ဘေးကင်းမှုသတ်မှတ်ချက်နှင့်ကိုက်ညီကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)ဆိုသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုတက္ကသိုလ်ဆေးရုံတွင် သိမ်းဆည်းထားသည့် CoronaVacကာကွယ်ဆေးအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Monica Calazansသည် ဘရာဇီး၏ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် ဆောပိုလိုတက္ကသိုလ်ဆေးရုံ၌ တရုတ်နိုင်ငံ၏ကာကွယ်ဆေးကို ထိုးနှံခဲ့သည်။ အသက်(၅၄)နှစ် အရွယ်ရှိပြီဖြစ်သည့် Monica Calazans ကူးစက်ရောဂါသုတေသနဌာန အထူးကြပ်မတ်ကုသဆောင်၏ သူနာပြုတစ်ဦးဖြစ်ပြီး ဆီးချိုရောဂါရှိရာ ကိုဗစ်ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသည့် လူအုပ်စုဝင် တစ်ဦးဖြစ်သည်။ တရုတ်ကာကွယ်ဆေးထိုးနှံရသည့်အတွက် ဝမ်းသာကြောင်း ၎င်းက ဆိုသည်။

ဘရာဇီး လေတပ်က ဇန်နဝါရီ ၁၈ ရက်မှစ၍ ပြည်နယ်အသီးသီးသို့ ကာကွယ်ဆေးများ ဝေငှပို့ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Eduardo Pazuelloက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာခဲ့သည်။

ဘရာဇီးဖက်ဒရယ်အစိုးရက ယခုလဆန်းပိုင်းတွင် ဆာအိုပိုလိုပြည်နယ်Butantan BioMedical Centerနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ရာ SINOVAC ကုမ္ပဏီ၏ CoronaVac ကာကွယ်ဆေး သန်း(၁၀၀) ဝယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ဘရာဇီးနိုင်ငံ၏ ကိုဗစ်ကပ်ရောဂါ တစ်ကျော့ပြန်မှု အခြေအနေမှာ ဆိုးဝါးလျက် ရှိသည်။ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၃၃,၀၄၀)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ(၈,၄၈၈,၀၉၉)ဦး၊ အသစ်ထပ်တိုးသေဆုံးသူ (၅၅၁) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၂၀၉,၈၄၇) ဦး၊ ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း (၇,၄၁၁,၆၅၄)ဦး ရှိကြောင်း သိရသည်။(Xinhua)
—————————————————
(Chinese Version)

(国际疫情)中国科兴新冠疫苗在巴西获紧急使用许可

新华社巴西利亚1月17日电(记者周星竹 宫若涵)巴西国家卫生监督局17日宣布,给予中国北京科兴中维生物技术有限公司研发的新冠疫苗克尔来福紧急使用许可。巴西首批新冠疫苗接种者当天接种中国疫苗。
巴西国家卫生监督局5名管理人员在当天的特别会议上一致投票通过了相关决议。除克尔来福外,当天获得紧急使用许可的还有牛津大学和英国阿斯利康制药公司合作研发的新冠疫苗。
 巴西国家卫生监督局表示,巴西目前疫情形势严峻。科学研究数据表明,上述两种疫苗均符合紧急使用的质量和安全要求。
 巴西首名新冠疫苗接种者莫妮卡•卡拉桑斯当天下午在圣保罗大学临床医院接种中国疫苗。卡拉桑斯是巴西埃米利奥•里巴斯传染病研究所重症监护室的一名护士,现年54岁,患有糖尿病,属于新冠高风险人群。她在接种后表示,对接种中国疫苗感到高兴。
巴西卫生部长爱德华多•帕祖洛17日宣布,巴西空军将从18日开始向各州分发疫苗。
巴西联邦政府本月初与圣保罗州布坦坦研究所签订协议,计划购买1亿剂由北京科兴中维生物技术有限公司研发的新冠疫苗克尔来福。
  目前,巴西新冠疫情反弹严重。据巴西卫生部17日公布的数据,该国当天新增确诊病例33040例,累计确诊8488099例;新增死亡病例551例,累计死亡209847例;累计治愈病例7411654例。(完)
图说1:
图说2:1月17日,巴西首名新冠疫苗接种者莫妮卡•卡拉桑斯在圣保罗大学临床医院接种中国新冠疫苗克尔来福。
图说3:这是1月17日在巴西圣保罗大学临床医院拍摄的中国新冠疫苗克尔来福。

新华社照片,圣保罗,2021年1月18日
(国际疫情):巴西:接种中国新冠疫苗
1月17日,在巴西圣保罗大学临床医院,一名医务人员为接种中国新冠疫苗克尔来福做准备。