Connect with us

WORLD

ကိုဗစ်ကာကွယ်ဆေး တရားဝင်ထိုးနှံမှု စတင်ပြီဖြစ်ကြောင်း ဘရာဇီး ကြေညာ

ဘရာဇီးနိုင်ငံ ဆောပိုလိုမှ ဘရာဇီးလီယားသို့ ပို့ဆောင်မည့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဘရာဇီးနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ တရားဝင်ထိုးနှံမှု စတင်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာခဲ့သည်။

ဘရာဇီး ကျန်းမာရေးဝန်ကြီး Eduardo Pazuelloသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ဆောပိုလို Guarulhos လေဆိပ်သို့ သွားရောက်၍ ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ ကိုဗစ်ကာကွယ်ဆေး ပြည်နယ်ဒေသအသီးသီးပို့ဆောင်နေမှုများအား ကြည့်ရှုခဲ့သည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုမှ ဘရာဇီးလီယားသို့ ပို့ဆောင်မည့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့ညနေပိုင်းတွင် ဘရာဇီးဖက်ဒရယ်ဒေသနှင့် ပြည်နယ် (၅)ခုက ကာကွယ်ဆေးများ လက်ခံရရှိခဲ့ရာ ၎င်းတို့အနက် ဂိုအစ်၊ ဆန်တာကာတာနီးယား၊ ပီရာအိုင်ပြည်နယ်များတွင် ကာကွယ်ဆေးထိုးနှံမှု ဦးစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုပြည်နယ် Campinasမြို့တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာကွယ်ဆေးထိုးနှံမည့် ပထမအသုတ် လူအုပ်စုတွင် ကျန်းမာရေးဝန်ထမ်း၊ စောင့်ရှောက်ရေးဂေဟာများရှိ သက်ကြီးရွယ်အိုနှင့်မသန်စွမ်းသူများ၊ ဌာနေတိုင်းရင်းသားများပါဝင်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် စောင့်ရှောက်ရေးဂေဟာရှိ သက်ကြီးရွယ်အိုတစ်ဦးနှင့် သူနာပြုတစ်ဦး တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်သုံးခွင့်ပြုကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာခဲ့သည်။ ဘရာဇီးပထမအသုတ်ကာကွယ်ဆေးထိုးနှံသူများအနေဖြင့် ယင်းနေ့တွင် တရုတ်ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် စောင့်ရှောက်ရေးဂေဟာရှိ သက်ကြီးရွယ်အိုတစ်ဦးနှင့် သူနာပြုတစ်ဦး တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၈ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၂၃,၆၇၁)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ(၈,၅၁၁,၇၇၀)ဦး၊ အသစ်ထပ်တိုးသေဆုံးသူ (၄၅၂) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၂၁၀,၂၉၉) ဦး၊ ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း (၇,၄၅၂,၀၄၇)ဦး ရှိကြောင်း သိရသည်။(Xinhua)

——————————————–
(Chinese Version) 

(国际疫情)巴西宣布正式开始新冠疫苗接种

  新华社巴西利亚1月18日电(记者周星竹 宫若涵)巴西卫生部18日宣布,该国当天正式在全国开始新冠疫苗接种。
  巴西卫生部长爱德华多•帕祖洛当天上午前往圣保罗瓜鲁柳斯机场,与多名州长一同见证首批新冠疫苗被运往各州。
 当天下午,巴西联邦区和5个州先后收到疫苗,其中戈亚斯州、圣卡塔琳娜州、皮奥伊州最先开始疫苗接种。
 巴西卫生部表示,首批疫苗的接种人群包括医护工作者、福利院的老年人和残障人士,还有原住民社区居民。
 巴西国家卫生监督局17日宣布,给予中国北京科兴中维生物技术有限公司研发的新冠疫苗克尔来福紧急使用许可。巴西首批疫苗接种者当天接种了中国疫苗。
  据巴西卫生部18日公布的数据,该国当天新增新冠确诊病例23671例,累计确诊8511770例;新增死亡病例452例,累计死亡210299例;累计治愈病例7452047例。(完)

图说(1-2) 1月18日,工作人员操作叉车搬运从巴西圣保罗运抵巴西利亚的中国新冠疫苗。 新华社发(卢西奥•塔沃拉摄)
图说(3) 1月18日,巴西圣保罗州坎皮纳斯市首名接种者、49岁的女护士利亚娜•蒂诺科(中)在接种中国新冠疫苗。 新华社发(圣保罗州政府供图)
图说(4-5)1月18日,在巴西里约热内卢,一家福利院的80岁老人特雷济尼亚•达孔塞桑(左一)和59岁护士杜尔西内亚•达席尔瓦•洛佩斯(右二)在接种中国新冠疫苗。