Europe
အာဂျင်တီးနားနိုင်ငံက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး၌ တရုတ်ကာကွယ်ဆေးများ၏ အခန်းကဏ္ဍကို ချီးကျူးပြောဆို
ဗျူနိုအေးရိစ်၊ မေ ၄ ရက် (ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး၌ တရုတ်ကာကွယ်ဆေးများ၏ အခန်းကဏ္ဍကို အာဂျင်တီးနား ကျန်းမာရေးဝန်ကြီး Carla Vizzotti က မေ ၃ ရက်တွင် ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။ကပ်ရောဂါနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ခြင်း ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာများ အတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း လုပ်ကိုင်ရေးအတွက် ဗျူနိုအေးရိစ်မြို့တွင် ပြုလုပ်သော အစည်းအဝေး၌ Vizzotti က တရုတ်နိုင်ငံ၏ CanSino Biologics ဆေးဝါးလုပ်ငန်းမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
“ကျေးဇူးအများကြီးတင်တဲ့အကြောင်း ဒီကနေ ပြောကြားလိုပါတယ်။ ဒီလုပ်ငန်းတွေအားလုံးဟာ ကျွန်မတို့အတွက် တန်ဖိုးထားရပါတယ်။ ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ ကပ်ရောဂါတုံ့ပြန်ရေးလုပ်ငန်းမှာ CanSino ရဲ့ အခန်းကဏ္ဍအတွက် ကျေးဇူးတင်ပါတယ်” ဟု Vizzotti က ပြောခဲ့သည်။
“ကပ်ရောဂါက အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲခဲ့ပြီးတော့ ဒါဟာ အဲဒီအခွင့်အရေးရဲ့ အကျိုးကျေးဇူးကို ကျွန်မတို့လုပ်ဆောင်လိုက်တဲ့ လက္ခဏာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
“ဒီအစည်းအဝေးဟာ ကိုဗစ်-၁၉ အလွန် မဟာဗျူဟာများစွာအကြောင်း စဉ်းစားတွေးခေါ်ကြတာဖြစ်သလို” CanSino နှင့်အတူ နည်းပညာလွှဲပြောင်းမှုဆိုင်ရာ အရေးပါသည့်လုပ်ငန်းဖြစ်ကြောင်း Vizzotti က ပြောခဲ့သည်။
အာဂျင်တီးနားနိုင်ငံက ထုတ်လုပ်မှုစက်ရုံများ ကြီးကြပ်မှုအာဏာပိုင်၊ ကုန်စည် ဖော်ထုတ်မှုနှင့် ထုတ်လုပ်မှု၊ မူလနိုင်ငံတွင် အသိအမှတ်ပြုမှုနှင့် အရည်အသွေးရှိသော စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိခြင်းကြောင့် CanSino ၏ Convidecia ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ၂၀၂၁ ခုနှစ် ဇွန်လက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးသည် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်နှင့် ၈ ဒီဂရီစင်တီဂရိတ်ကြား၌ သယ်ယူပို့ဆောင်နိုင်ခြင်းကြောင့် သိုလှောင်ရလွယ်ကူကြောင်းနှင့် ဆေးတစ်လုံးတည်းသာ ထိုးနှံရန်လိုအပ်ကြောင်း၊ ဝေးလံခေါင်ဖျားသောရပ်ကွက်များ၌ လူထုကိုယ်ခံအားစနစ်ရရှိစေရေး၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံခြင်း ကမ်ပိန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ကူညီပံ့ပိုးပေးခဲ့သော တရုတ်နိုင်ငံ CanSino နှင့် Sinopharm ကုမ္ပဏီများအပါအဝင် အမျိုးမျိုးသော ဆေးဝါးကုမ္ပဏီများထံမှ ကာကွယ်ဆေး အကြိမ်ရေ ၁၁၉,၃၇၉,၄၀၅ လက်ခံရရှိခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အတည်ပြုလူနာ ၉,၀၈၃,၆၇၃ ဦးနှင့် သေဆုံးသူ ၁၂၈,၆၅၃ ဦးရှိပြီဖြစ်သလို ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်မှာမူ ၉၈,၈၈၇,၅၅၁ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
#Argentina, #China, #COVID_19, #Vaccine, #Xinhua, #Myanmar, #XinhuaMyanmar, #အာဂျင်တီးနား, #တရုတ်, #ကိုဗစ်_၁၉, #ကာကွယ်ဆေး, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………
(English Version)
Argentina praises role of Chinese vaccines in combating COVID-19
Source: Xinhua
Editor: huaxia
2022-05-04 04:19:28
BUENOS AIRES, May 3 (Xinhua) — Argentine Health Minister Carla Vizzotti on Tuesday praised the role of Chinese vaccines in combating COVID-19 in the South American country.
Vizzotti thanked representatives of China’s CanSino Biologics pharmaceutical firm at a meeting held in Buenos Aires to assess the work carried out during the pandemic and address cooperation strategies for technology transfer, the Health Ministry said.
“Thank you very much for being here. For us it is very important to value all the work that has been done so far and thank you for CanSino’s role in our country’s response to the pandemic,” said Vizzotti.
“The pandemic transformed crisis into an opportunity and this table is a sign that we are taking advantage of that opportunity,” she added.
According to Vizzotti, “this meeting is also to think about many strategies beyond COVID-19,” and the importance of working together with CanSino on technology transfer.
In June 2021, Argentina approved the emergency use of CanSino’s Convidecia vaccine, due to the vaccine’s compliance with the standards required by the regulatory authority of manufacturing plants, the development and manufacture of products, their certification in the country of origin and compliance with quality standards.
The vaccine is easy to store because it can be transported at a temperature of between 2 and 8 degrees Celsius, and requires just a single dose. It has been used in Argentina to immunize remote communities.
Argentina began its vaccination campaign against COVID-19 in December 2020 and has received 119,379,405 doses of vaccines from different pharmaceutical companies, including Chinese companies CanSino and Sinopharm, both of which contributed significantly to the fight against the pandemic.
The South American country has registered 9,083,673 confirmed cases of COVID-19 and 128,653 deaths from the disease since the viral outbreak, and has applied some 98,887,551 doses of vaccines so far. ■
Photo : A woman wearing a mask rides a bike while walking a dog at a park in Buenos Aires, Argentina, Aug. 5, 2020. (Photo by Martin Zabala/Xinhua)