Connect with us

Videos

မလေးရှားနိုင်ငံ၏ ရထားလမ်းစီမံကိန်းကြီးတည်ဆောက်မှုတွင် တရုတ်လူငယ်အင်ဂျင်နီယာများ ပါဝင်ကူညီ

ကွာလာလမ်ပူ၊ မေ ၄ ရက် (ဆင်ဟွာ)

အသက် ၂၁ နှစ်အရွယ် Wang Hengyang သည် တက္ကသိုလ်မှ ဘွဲ့မရခင်က အနာဂတ်ဘဝရည်မှန်းချက် များစွာရှိနေသူ တစ်ဦး ဖြစ်သည်။လက်ရှိတွင် ၎င်းသည် မလေးရှားနိုင်ငံတွင် လုပ်ဆောင်နေသည့် ရထားလမ်းစီမံကိန်းကြီးတွင် အလွန်ထူးခြားသည့်လုပ်ငန်းတာဝန်များထဲမှ တစ်ခုဖြစ်သည့် တန်ချိန် ၁,၆၀၀ ရှိသည့် ဥမင်လိုဏ်ခေါင်းတူးစက်ကြီးအားမောင်းနှင်ရသည့် အလုပ်အကိုင်ရရှိထားသူဖြစ်သည်။

အမှတ် (၁) ဥမင်တူးစက်မောင်းနှင်သူ Wang Hengyang က

“ ကျွန်တော်ဟာ အမှတ် ၁ ဥမင်လိုဏ်ခေါင်းတူးစက်ကြီးကို မောင်းနှင်ရာမှာ အဓိက တာဝန်ယူပါတယ်၊ ကျွန်တော့်ရဲ့ ထိပ်တန်းဦးစားပေးက ဒီ ဥမင်တူးစက်ကြီး ထိရောက်စွာလည်ပတ်မောင်းနှင်နိုင်ဖို့ဖြစ်ပါတယ်၊ ကျွန်တော်ဟာဒီအလုပ်လုပ်ရတာသိပ်ကိုဂုဏ်ယူပါတယ်၊ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ ပုံမှန်အလုပ်တာဝန်တွေကိုကျေပွန်အောင်လုပ်ဆောင်သင့်ပြီး မိမိကိုယ်ကိုတိုးတက်အောင်အားထုတ်နေသင့်ပါတယ်၊ လက်ရှိအလုပ်ကိုကောင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်မှ အနာဂတ်အတွက် အစီအစဉ်တွေကိုချမှတ်နိုင်မှာပါ” ဟုဆိုသည်။

ဝမ်နှင့် တရုတ်နိုင်ငံမှလူငယ်အင်ဂျင်နီယာများပါဝင်သည့်အဖွဲ့တစ်ဖွဲ့သည် မလေးရှားနိုင်ငံတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု၏ ကနဦးစီမံကိန်းတစ်ခုဖြစ်သည့် အရှေ့ကမ်းရိုးတန်းရထားလမ်းတည်ဆောက်ရေး(ECRL) တွင်လုပ်ကိုင်နေကြသည်။

လက်ရှိဆောင်ရွက်နေသည့်၁၆.၃၉ ကီလိုမီတာရှိသော ဥမင်လိုဏ်ခေါင်းနှစ်ခုတွဲ မြေတူးဖော်ခြင်းလုပ်ငန်းသည်စီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလွန်အရေးပါသည်။

အမှတ် (၁) ဥမင်တူးထိန်းသိမ်းရေးအင်ဂျင်နီယာဖြစ်သူ Dong Yuanxin က

“ကျွန်တော်က ဒီမြေတူးဖော်ရေးလုပ်ငန်းရဲ့ လျှပ်စစ်ယန္တရားပြုပြင်ထိန်းသိမ်းရေးတာဝန်ရှိသူပါ၊ ဥမင်တူးစက်ကြီးရဲ့ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ကျွန်တော်ဟာ မြေတူးတဲ့လုပ်ငန်းမှာလုပ်ငန်းခွင်ချောမွေ့မှုရှိစေဖို့ ကျွန်တော့်ရဲ့တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်ဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်၊ကျွန်တော့်အလုပ်က သာမန်အလုပ်ပါဘဲ ဒါပေမဲ့ ဒါဟာစနစ်တစ်ခုလုံးရဲ့လည်ပတ်ပုံနဲ့ဆက်စပ်နေတယ်လေ၊ ကျွန်တော်တို့ လုပ်တဲ့သေးငယ်တဲ့လုပ်ဆောင်ချက်တိုင်းက ဒီလုပ်ငန်းကိုအကျိုးဖြစ်ထွန်းစေပါတယ်” ဟုဆိုသည်။

နက်ရှိုင်းသည့်ဥမင်အတွင်း စိုစွတ်မှုနှင့်အလွန်ပူပြင်းသည့်အပူချိန်အောက်တွင် ယူနီဖောင်းများ ဟဲလ်မက်ဦးထုပ်များဝတ်ဆင်ကာလုပ်ငန်းဆောင်ရွက်ရခြင်းက ခက်ခဲသည့်စိန်ခေါ်မှုဖြစ်သည်။ သို့ရာတွင် လူငယ်အင်ဂျင်နီယာများက လုပ်ငန်းပြီးမြောက်အောင်လုပ်ဆောင်ရန်ဆုံးဖြတ်ထားခဲ့ကြပြီးဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းမန်နေဂျာ ဖြစ်သူ Sun Guangbin က

“ ဆောက်လုပ်ရေးလုပ်ငန်းမန်နေဂျာတစ်ယောက်အနေနဲ့ကျွန်တော်ဟာ ဒီစီမံကိန်းအောင်မြင်မှု ရှိစေဖို့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီးအားထုတ်ကြိုးပမ်းသွားမှာပါ နောက်ပြီး ဥမင်တူးဖော်မှုချောမွေ့အောင်မြင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှလုပ်ဆောင်သွားမှာပါ” ဟုဆိုသည်။

ထိုကဲ့သို့ကြီးမားသည့်စီမံကိန်းတစ်ခုချောမွေ့စွာပြီးစီးနိုင်စေဖို့ လုပ်ငန်းခွင်အတွင်းရှိလုပ်သားများ၏ ဝန်ဆောင်မှုများအထောက်အပံ့များသည်လည်းအလွန်အရေးပါသည်။

စီမံကိန်းအထောက်အပံ့ဌာနမှဝန်ထမ်းတစ်ဦးဖြစ်သူ Wang Jiaxing ဆိုသူက ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကောင်းမွန်စွာစားသောက်နေထိုင်နိုင်စေရန် နည်းလမ်းများကိုအမြဲစဉ်းစားနေကြောင်းဆိုသည်။

အထောက်အပံ့ဌာနဝန်ထမ်းတစ်ဦးဖြစ်သူ Wang Jiaxing

“ကျွန်တော်ဟာအစားအသောက်ပိုင်း, နေရာထိုင်ခင်းနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းမှာ အဓိက တာဝန်ရှိသူတစ်ယောက်ပေါ့၊ ကျွန်တော်တို့ဥမင်တူးတဲ့ အချိန်၁လအတွင်းမှာ ကျွန်တော်ဟာ စားသောက်ခန်းရဲ့ စာရင်းစီမံခန့်ခွဲမှုတွေ၊ ဌာနတွင်းနဲ့ပြင်ပ စီမံခန့်ခွဲမှုတွေ၊ တစ်ဦးချင်းအတွက်တွက်ချက်မှုတွေကိုစံချိန်စံညွှန်းနဲ့အညီဖြစ်အောင်စီမံနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ဟာအားလုံးရဲ့အစားသောက်အမူအကျင့်တွေနဲ့ သူတို့ရဲ့နှစ်သက်တဲ့အစားအစာတွေ ကိုလေ့လာခဲ့ရပြီးတော့ မီနူးကို ချိန်ဆနိုင်ဖို့စားဖိုမှူးတွေနဲ့ချိတ်ဆက်လုပ်ဆောင်ရပါတယ်၊ အားလုံးဟာကောင်းကောင်းစားနိုင်မှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာလေ” အရှေ့ကမ်းရိုးတန်းရထားလမ်းတည်ဆောက်ရေး(ECRL) သည် မလေးရှားနိုင်ငံ၏ အကြီးဆုံး သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းတစ်ခုဖြစ်သည့် Klang မှ စတင် ပြီး ၎င်းမှာ နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Kelantan ပြည်နယ်သို့ ကျွန်းဆွယ်မှတစ်ဆင့်ဖြတ်သန်းချိတ်ဆက်သွားလာနိုင်မည်ဖြစ်သည်။

အရှေ့ကမ်းရိုးတန်းရထားလမ်းတည်ဆောက်ရေးလုပ်ငန်းသည် ၂၀၂၆ ခုနှစ်တွင် ပြီးစီးပါက ဆက်သွယ်သွားလာရေးကိုကြီးမားစွာအထောက်အကူဖြစ်စေမည်ဖြစ်ပြီး မလေးရှားနိုင်ငံအတွက် ဟန်ချက်ညီမျှသည့်ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်သည်။ဆင်ဟွာသတင်းထောက်များက ကွာလာလမ်ပူမြို့မှသတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)

………………………
(English Version)
Chinese young engineers shine in building Malaysia’s mega rail project
Twenty-two-year-old Wang Hengyang has once imagined many ways of his future life before graduation from university.
His current role as an operator of a 1,600-ton gigantic tunnel boring machine (TBM) in a mega rail project in Malaysia, is among the most incredible ones.
SOUNDBITE 1 (Chinese): WANG HENGYANG, Genting No.1 TBM operator
“I’m mainly responsible for the operation of the Genting No.1 TBM. My top priority is to keep the TBM running efficiently. I’m proud of my work. As young people, we should fulfill the duties in ordinary positions and continue to improve ourselves. Getting done the present work well and then planning for the future.”
Wang and a group of other Chinese young engineers are working at the construction site of the East Coast Rail Link (ECRL), a flagship project of the Belt and Road Initiative in Malaysia.
The ongoing excavation work of the 16.39 km twin-bore Genting tunnel is crucial to the construction of the project.
SOUNDBITE 2 (Chinese): DONG YUANXIN, Genting No.1 TBM maintenance engineer
“I’m responsible for the maintenance of the electrical machinery of the excavation work. As a TBM engineer, I’m determined to fulfill my duty and contribute to the smooth operation of the equipment in the excavation work. Our work is ordinary but it is related to the operation of the whole system. Every small thing that we do contributes to that mission.”
It is a real challenge to work deep inside the tunnel in uniform and helmet with the extreme heat and moisture. But the young engineers are determined to make breakthroughs.
SOUNDBITE 3 (Chinese): SUN GUANGBIN, Genting tunnel on-site construction manager
“As an on-site engineer, I will devote myself to the project, and contribute my own strength to the smooth excavation of the tunnel.”
To ensure the smooth operation of such a big project, it’s also very important to provide supporting services to workers onsite.
As a staff member of the project’s supporting department, Wang Jiaxing has been thinking of ways to make sure his colleagues can eat and live well.
SOUNDBITE 4 (Chinese): WANG JIAXING, Staff member of supporting department
“I’m mainly in charge of catering, accommodation and transportation for my colleagues. Within one month after I came to Genting tunnel, I sorted out the canteen’s accounting management, inbound and outbound management, and personnel count, and made it standardized. We learned everyone’s eating habits and preferences, and communicated with the chefs to make customized menus. Everyone eats well so that they can work well.”
The ECRL runs from Malaysia’s largest transport hub Port Klang and travels across the peninsula to Kelantan state in the country’s northeastern part.
It is expected to greatly enhance connectivity and bring more balanced growth to Malaysia upon its completion in 2026.
Xinhua News Agency correspondents reporting from Kuala Lumpur.

(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.