Connect with us

Culture & Entertainment

ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်းစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး တရုတ်-မြန်မာ နှင့်် ယူနက်စကိုမှ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်း ဆွေးနွေး

ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

ပုဂံ ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား တရုတ်-မြန်မာ နှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ ယနေ့ဖေဖော်ဝါရီ ၁၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ နှင့် အထောက်အပံများ အတွက် ယူနက်စကို နှင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် အခြား နိုင်ငံတကာမှ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်များအား ကျေးဇူး အထူး တင်ရှိကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံမှ စေလွှတ်လိုက်သည့် ကျွမ်းကျင်ပညာရှင်များသည် ယူနက်စကို အပါအဝင် အခြား နိုင်ငံများမှ ပညာရှင်များ နှင့် ပူးပေါင်း၍ ပုဂံစေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပုဂံစေတီပုထိုးများ ပြုပြင် မွမ်းမံခြင်း လုပ်ငန်းစဉ်များအား တရုတ် ၊ ယူနက်စကို နှင့် အခြား နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများသည် နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တည်ရှိကြပြီး ၊ ပုဂံဒေသ စေတီပုထိုးများ ပြုပြင်မွမ်းမံခြင်း ပူးပေါင်း ဆောင်ရွက်မှုများမှ တဆင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးများ ပိုမို တိုးတက် ခိုင်မာစေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပုဂံ ရှေးဟောင်း စေတီ ၊ ပုထိုး များ ပြန်လည် ပြုပြင် မွန်းမံရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမျ အမေရိကန် ဒေါ်လာ ၁ သန်း လှုဒါန်းခဲ့သည့် အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ် ကျွမ်းကျင် ပညာရှင်များအား ဆွေးနွေးပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ထို့အတူ ယူနက်စကိုမှ Ms.KIM Jeong Min က ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းတို့တွင် ယူနက်စကို၏ ဆောင်ရွက်ချက်များနှင့် တရုတ်-မြန်မာ အပါအဝင် အခြားနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ် ကျွမ်းကျင် ပညာရှင်များ အဖွဲ့ခေါင်းဆောင် Mr.XIE Bing က ပုဂံဒေသရှိ စေတီ ပုထိုးများအား ငလျင်လှုပ်ခတ်အပြီး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု နှင့် ပတ်သက်၍ တရုတ်ကျွမ်းကျင် ပညာရှင်များ အဖွဲ့၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ ၊ မှုလ အခြေအနေ ပြန်လည် ရောက်ရှိစေရေး အခြေအနေများအပေါ် မြန်မာနိုင်ငံ အပါအဝင် ယူနက်စကို နှင့် အခြား နိုင်ငံများမှ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲတွင် မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ရှေးဟောင်း စေတီ ၊ ပုထိုး ၊ သာသနိက အဆောက်အအုံများ ပြန်လည် ပြုပြင် မွမ်းမံရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည့် အတွက် ဂုဏ်ပြု မှတ်တမ်းလွှာအား သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ပေးအပ်ခဲ့သည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပုဂံစေတီ ပုထိုးများ ပြန်လည် ပြုပြင်ထိန်းသိမ်းရေး အတွက် အမေရိကန် ဒေါ်လာ ၁ သန်းအား ထပ်မံ လှုဒါန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

ယခု ဆွေးနွေးပွဲ ကျင်းပရခြင်းသည် ပုဂံဒေသရှိ ငလျင်ဒဏ် ခံခဲ့ရသော ရှေးဟောင်း စေတီများ ၊ အထိမ်းအမှတ် အဆောက်အအုံများ ထိန်းသိမ်းရေး အတွက် ကောင်းမွန်သည့် နည်းလမ်းများကို ညှိနှိုင်း ဆွေးနွေးရန် ၊ နိုင်ငံတကာမှ ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး ပညာရှင်များ၏ အကြံပြု ဆွေးနွေးချက်များ နှင့် အတွေ့အကြုံများ အပြန်အလှန် ဖလှယ်ရန် နှင့် ပုဂံဘုရားများ နောင်နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်စေရေး အတွက် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ အကြံပြုချက်များ ရရှိရန် နှင့် ပြည်ပ အဖွဲ့အစည်းများမှ ကူညီပံ့ပိုးမည့် ကိစ္စများ ဆွေးနွေးရန် တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.