Connect with us

Culture & Entertainment

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းဆောင်ရွက်မည်

ပုဂံ၏ နေဝင်ချိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းကို လာမည့် သုံးလအတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုကဲ့သို့ နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ရာတွင် ပုဂံနှင့် တန့်ကြည့်တောင် ကြားရှိ ဧရာဝတီမြစ် နေရာ၊ ယုန်လွတ်ကျွန်းကို ထည့်သွင်းသတ်မှတ် မည်ဖြစ် ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယဉ်ကျေးမှု အမွေအနှစ် ဒေသများ၊ ကာကွယ် ထိန်းသိမ်းရေးနည်းဥပဒေများနှင့် နယ်နိမိတ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါဥပဒေ ရေးဆွဲခြင်းနှင့် နယ်နိမိတ် သတ်မှတ်ရာတွင် ညောင်ဦးမြို့နှင့် ပုဂံမြို့သစ်တို့၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရောက်ရေးနှင့် အများပြည်သူ သိရှိနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ်ဒေသ များကာကွယ် ထိန်းသိမ်းရေး ဥပဒေ (မူကြမ်း) နှင့်ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)