Connect with us

Culture & Entertainment

နွားထိုးကြီးမြို့နယ်၌ ရှေးဟောင်းသင်္ချိုင်း ၁ ခု တွေ့ရှိ

သင်္ချိုင်းဟောင်းမှ တူးဖော်ရရှိသည့် မြေထည် နှင့် လူအရိုးအပိုင်းအစများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၌ ရှေးဟောင်းသင်္ချိုင်း ၁ ခု တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၁၂း၀၀ နာရီ အချိန်တွင် နွားထိုးကြီးမြို့နယ် ပဒေါင်း ကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၂၉/၇) ဝဲဘက်လမ်းဘေး ပေ ၁၅၀၀ ခန့် အကွာ၌ မြေများတူးဖော်ထား သည် ကို မသင်္ကာဖွယ်တွေ့ရှိရ၍ နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် သံခေတ်မှ သင်္ချိုင်းဟောင်း တစ်ခုဖြစ်နိုင်ပြီး မြေအိုးကွဲ၊ သံလက်နက်၊ လူအရိုး၊ လူသွား၊ ဦးခေါင်းအခွံ၊ မြေထည်၊ မြေပန်းကန် အပိုင်းအစများတွေ့ရှိရသဖြင့် ပဒေါင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါနေရာအား ရှေးဟောင်းယဉ်ကျေးမှုနေရာဒေသ တစ်ခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.