Connect with us

Culture & Entertainment

မြန်မာ့လက်ရာပွဲတော် သုံးရက်ကြာ ကျင်းပမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့လက်ရာပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်အတွင်း သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လက်ရာပွဲတော်ကို ဖေဖော်ဝါရီ ၁၁မှ ၁၃ရက်နေ့ထိ ကျင်းပပြီး တိုင်းရင်းသား အကအလှများနှင့် တိုင်းရင်းသား ရိုးရာအစားအစာများနှင့် အမှတ်တရ ပစ္စည်းများလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တိုင်းရင်းသားများ၏ လက်မှုပစ္စည်းများ ခင်းကျင်းပြသထားစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

တိုင်းရင်းသားများ၏ လက်မှုပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်ကို ပြခန်း (၁၂) ခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။

မြန်မာ့လက်ရာပွဲတော်၌ မြန်မာ့ရိုးရာ ယက္ကန်းများဖြစ်သော အမရပူရ ချည်ထည်နှင့် ပိုးထည်များ၊ အင်းလေး ကြာထည်နှင့် ပိုးထည်များ၊ ကချင်ရိုးရာဂျပ်ခုတ်များ၊ ကယန်း-ပဒေါင်ရိုးရာဂျတ်ခုတ်များနှင့် ချင်းရိုးရာဂျပ်ခုတ်များ၊ မြန်မာပန်းထိမ်လက်ရာများဖြစ်သော ရထိုင်ရိုးရာရွှေပန်းထိမ်နှင့် စစ်ကိုင်းရွာတောင်-ငွေထည်ကြေးထည်များ၊ မြန်မာရိုးရာရွှေဆိုင်းလုပ်ငန်း၊ မြန်မာယွန်း၊ ကယားရိုးရာ တောင်းယက်လုပ်ငန်း၊ မွန်ရိုးရာ ဆေးတံနှင့် ကျောက်သင်ပုန်း၊ ကချင်ရိုးရာ ဖိနပ်ချုပ်၊ ပန်းချီပြခန်းများ ပြသထားကြောင်း သိရသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှှုးကျင်းပသည့် မြန်မာ့လက်ရာပွဲတော် ကို ဖေဖော်ဝါရိ ၁၁ ရက်နေ့က ရန်ကုန်မြို့စိမ်းလန်းစိုပြေဥယျာဉ်မှာ ဖွင့်ပွဲကျင်းပခဲ့ပြီး ယင်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.