Connect with us

Culture & Entertainment

တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော်အား ရန်ကုန်မြို့တရုတ်တန်း တစ်လျှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တရုတ် နွယ်ဖွား တရုတ် အမျိုးသား တို့၏ တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော်အား ရန်ကုန်မြို့ရှိ လသာမြို့နယ် တရုတ်တန်း မဟာ ဗန္ဓုလ လမ်းမကြီး အတိုင်း လမ်းမတော်လမ်းမှ ရွှေတိဂုံ ဘုရားလမ်း အထိ ယနေ့ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တွင် လူမျိုးပေါင်းစုံ ၊ ဘာသာ ပေါင်းစုံ ၊ လုပ်ငန်း ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ကြီး ဖြစ်ကြောင်း ၊ မြို့တော်ကြီးတွင် နေထိုင်နေကြသည့် ပြည်သူလူထု အားလုံး အတွက် တန်းတူညီမျှသည့် အခွင့်အရေးများ ရှိနေသည် ဆိုသည်ကို ယနေ့ ကျင်းပ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်ကြီးက သက်သေခံနေပါကြောင်း အဖွင့် နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ၏ ဥက္ကဋ္ဌ ဦးရုံးမူက နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော် ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု ကျင်းပသည့် နှစ်သစ်ကူး ပွဲတော်သည် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အားလုံး၏ နှစ်သစ် အခါသမယ ဖြစ်ကြောင်း ၊ နှစ်သစ် အခါသမယတွင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါကြောင်း ၊ နှစ်သစ် မင်္ဂလာတွင် နိုင်ငံသူ/သားများ အားလုံး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပါရန် ဆုတောင်း မေတ္တာ ပို့သကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်တန်းတွင် နွေဦး နှစ်သစ်ကူး ပွဲတော် တစ်နှစ်ပြီး တစ်နှစ် ပိုမို ကောင်းမွန်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ၊ ၎င်းအား တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု အတွက် အင်အားကြီးမားသည့် အထောက်အပံ့ ဖြစ်လာစေပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ချိတ်ဆက်ပေးသည့် ပေါင်းကူး တံတား ဖြစ်လာနိုင်ရန် မျှော်လင့်ပါကြောင်း နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခု အခမ်းအနားသည် တရုတ် နွယ်ဖွား မိတ်ဆွေများ နှင့် မြန်မာ တိုင်းရင်းသား ပြည်သူ အပေါင်း ၊ နယ်ပယ် အသီးသီးတို့အတူတကွ ဆင်နွှဲကြသည့် နွေဦး နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော် ဖြစ်လာကြောင်း ၊ ယင်းသည် အသွင်ကူးပြောင်းမှု ပြုလုပ်နေသည့် မြန်မာ့ လူ့အဖွဲ့အစည်း ပိုမို နားလည်မှု ၊ သင့်မြတ်မှု ရှိလာပြီး မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အဖွဲ့အစည်းများ နှင့် တရုတ်နွယ်ဖွား အပေါင်းတို့ပိုမို ပွင့်လင်း ယုံကြည်ချက် ရှိလာသည်ကို အပြည့်အ၀ ဖော်ပြလာပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ တရုတ်-မြန်မာ ကူးလူးဆက်ဆံ ပူးပေါင်း ဆောင်ရွက်မှုများ တစ်နေ့ထက် တစ်နေ့များပြားလာပြီး The Belt and Road အတူတကွ တည်ဆောက်ရေး ၊ တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအတူတကွ တည်ဆောက်ရေး တို့သည် တရုတ်-မြန်မာ ဆက်ဆံရေးအား ကျယ်ပြန့်သည့် အနာဂတ်သစ် ဆီသို့ ခေါ်ဆောင်လာကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော်တွင် အားလုံး မင်္ဂလာ ကျက်သရေ အပေါင်းဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံသည် နှစ်ပေါင်းများစွာ ရင်းနှီး ဆက်ဆံလာခဲ့သည့် နိုင်ငံများ ဖြစ်ပြီး ရှည်လျားသည့် နယ်နိမိတ်များ တည်ရှိကြကြောင်း ၊ မြန်မာပြည်ဖွား တရုတ် အနွယ်ဝင်များ အားလုံး နိုင်ငံ ဒီမိုကရေစီ စနစ် ကြီး နှင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းပြီး အားလုံး စုပေါင်း ကြိုးစားကြပါရန် ပြောကြားခဲ့သည်။

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ၏ ဥက္ကဋ္ဌ ဦးရုံးမူက တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ၂၀၁၇ ခုနှစ်တွင် ပထမဆုံး အကြိမ် တရုတ်တန်း၌ စတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း စည်ကား သိုက်မြိုက်စွာ ဆက်လက် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ၏ အားပေးကူညီမှု ၊ တရုတ် သံအမတ်ကြီး၏ ဦးဆောင်မှုတို့ဖြင့် ရန်ကုန်မြို့တရုတ်တန်း၌ နှစ်သစ်ကူး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ခမ်းခမ်းနားနား ကျင်းပ နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ချိုင်းနားတောင်း(China Town)များထဲတွင် အကြီးကျယ်ဆုံး အစည်ကားဆုံး ပွဲတော် ဖြစ်ခဲ့ပါကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် ပြောကြားခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်လာခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တာဝန်ရှိသူများအား နတ်မင်းကြီး ၃ ပါးမှ ဆုတောင်း မေတ္တာ ပို့သပေးခြင်း ၊ နဂါး အဖွဲ့၊ ခြင်္သေ့ အဖွဲ့၊ မီးပုံးကိုင် လုံမပျိုလေးများ အဖွဲ့၊ တရုတ် ရိုးရာ ဝတ်စုံ လူငယ်များ အဖွဲ့၊ တရုတ် ရိုးရာ နှစ်အလိုက် အကောင် ၁၂ ကောင် နှင့် ဝူခုန်း အဖွဲ့တို့မှ ဂါရ၀ ပြုခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အတူ တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား မင်္ဂလာ ဖဲကြိုးဖြတ်ပြီး တရုတ်ရိုးရာ ယဉ်ကျေးမှု ပုံစံ ဖော်ညွှန်းထားသည့် မင်္ဂလာ မုဒ်ဦးအား ဖွင့်လှစ်ပေးခဲ့ခြင်း ၊ မင်္ဂလာမောင်း တီးခတ် ကြေညာခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ရန်ကုန်မြို့တရုတ်တန်း တစ်လျှောက် ကျင်းပသည့် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အသင်းအဖွဲ့များ ၊ မြန်မာပြည်ဖွား တရုတ်လူမျိုးများ ၊ နိုင်ငံခြားသား ဧည့်သည်များ နှင့် ပြည်သူများမှလည်း တရုတ်နှစ်သစ်ကူး ပွဲတော်အား ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲလျက် ရှိကြသည်။

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ပါဝင် ဆင်နွှဲခဲ့သည့် မနွယ်နွယ်ဝင်းက တရုတ် နှစ်သစ်ကူးတွင် ယခင်က မိမိ နေအိမ်၌တွင်သာ နှစ်ကူးများ ပြုလုပ်ကြသော်လည်း ယခုကဲ့သို့တစ်နေရာထဲတွင် စုစုစည်းစည်းဖြင့် ပွဲလုပ်ပေးသည့် အတွက် အလွန် ပျော်ရွှင်မိပါကြောင်း ၊ အစိုးရ အဖွဲ့အား ကျေးဇူး တင်ရှိပါကြောင်း ၊

ပွဲတော်အား မနှစ်ကထက် ယခုနှစ်တွင် ပိုမို စည်ကားအောင် ပြုလုပ် ထားသည်ဟု ထင်မြင်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ တရုတ်တန်း မဟာဗန္ဓုလလမ်း တစ်လျှောက် တရုတ်ရိုးရာ မီးပုံး ၄၀၀၀ ကျော်ဖြင့် အလှဆင်ထားသည့် အပြင် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးရုပ်များဖြင့် လှည့်လည် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ပြီး တရုတ်ရိုးရာ ယဉ်ကျေးမှု အနုပညာများအား လမ်းတစ်လျှောက် ပြသထားမှုများ နှင့် အတူ စတုဒိသာ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အတူ တရုတ်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် ကုသိုလ် အဖြစ် သံဃာတော်များ ၊ တရုတ် ဘုန်းတော်ကြီး များ နှင့် သီလရှင်များအား စုစုပေါင်း ၁၆၀၀ ပါးတို့အား အာရုံတန်းဆွမ်း လောင်းလှူခြင်းအား ဖေဖော်ဝါရီ ၁၅ ရက်တွင် လောင်းလှူခဲ့သည်။ (Xinhua)