Culture & Entertainment
ပုဂံဒေသရှိ ဘုရားများ နံရံပန်းချီ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို အရေးပေါ် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း အဖြစ် ဆောင်ရွက်

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)
ပုဂံဒေသရှိ ဘုရားများ၏အတွင်း နံရံပန်းချီပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဓာတုဗေဒနည်းပညာဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ အရေးပေါ် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
အရေးပေါ် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း အဖြစ် ဆောင်ရွက်မှုအနေဖြင့် ဘုရား အမှတ် (၁၅၈၀) လောက ထိပ်ပန် ဘုရား ၊ ဘုရားအမှတ် (၁၅၁၂) မြေဘုံသာဘုရားလှ ၊ ဘုရားအမှတ် (၂၅၉) ရွှေလိပ်တူးဘုရား တို့ရှိ နံရံ ပန်းချီများကို ဓာတုဗေဒနည်းများဖြင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သြဂုတ် ၇ ရက် မှ ၁၃ ရက် အထိ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)