Connect with us

Culture & Entertainment

Miss Myanmar International 2017 အလှမယ်ပြိုင်ပွဲ ကျင်းပ

Miss Myanmar International 2017 winner up ဆုကို စင်ယွန်းဝတီအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ယနေ့ နိုဗိုတယ်ဟိုတယ်တွင်ဆဋ္ဌမအကြိမ်မြောက် ကျင်းပသည့် Miss Myanmar International 2017 ပြိုင်ပွဲ၏ ရဲရင့်ပြီး လှပထက်မြက်သည့် ဂုဏ်သရေရှိအမျိုးသမီးပျိုသာ ဝတ်ဆင်ခွင့်ရမည့် သရဖူဟု ဝိသေသ သတ်မှတ်ဖော်ဆောင်ထား သော သရဖူဆင်မြန်းခွင့်၊ Miss Myanmar International 2017 ဆုအား ခါးနံပါတ် (၂၀ ) အလှမယ် စဝ်ယွန်းဝတီ က ရရှိသွားခဲ့သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ က “မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ Miss Myanmar international ပွဲကို ကျင်းပခဲ့တာ ၆ကြိမ် ရှိပါပြီ။ ခရီးသွားလုပ်ငန်းက နိုင်ငံရဲ့ စီးပွားရေး အတွက် အကျိုးရှိနိုင်မယ်။ ပြီးတော့ လှပပြီး အရည်အသွေးရှိတဲ့ အမျိုးသမီးငယ်လေးတွေကို မြန်မာနိုင်ငံ့ ဂုဏ်ဆောင်နိုင်ဖို့ အတွက် ခရီးသွားလုပ်ငန်းရှင်များအနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။’’ ဟုပြောကြားသည်။

Miss Myanmar International 2017 1st winner up ဆုရအလှမယ် ထွန်းပုလဲရတနာအားတွေ့ရစဉ် (ဆင်ဟွာ)

Miss Myanmar International 2017 2nd winner up ဆုရအလှမယ် အိကေဇင်သန့်အားတွေ့ရစဉ် (ဆင်ဟွာ)

Miss Myanmar International 2017 ဆုကို ဆွတ်ခူးသွားသည့် အလှမယ် ဆင်မြန်းရသည့် သရဖူအား Thumbula Jewellery မှ Jewellery Designer ကိုဘုန်းသော်ခ က ရှေးခေတ် မြန်မာဘုရင်မ များ၏သရဖူများကို အချိန်ယူလေ့လာကာ ခေတ်မီဆန်းပြားလှပအောင် တီထွင်ဖန်တီးဒီဇိုင်းရေးဆွဲပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကမ္ဘာကျော် တွင်းထွက်ကျောက်မြတ်ရတနာများဖြစ်သည့် အဖိုးတန် ပတ္တမြား နှင့် နီလာ တို့ကိုအထူးပြုထားပြီး Platinum Gold နှင့် အဖိုးတန်ကျောက်မြတ်ရတနာဖြစ်သည့် စိန်ကို ထည့်သွင်းစီချယ်ထားကြောင်း Miss Myanmar International Organization မှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဒုတိယဆုကို ခါးနံပါတ် (၅) အလှမယ် ထွန်းပုလဲရတနာ မှ ဆွတ်ခူးရရှိခဲ့ပြီး၊ တတိယဆုကို ခါးနံပါတ် (၁) အလှမယ် အိကေဇင်သန့် မှ ဆွတ်ခူးရရှိခဲ့သည်။ Miss Myanmar International 2017 ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို Miss International 2016 သရဖူဆုရှင် Kylie Verzosa (ကိုင်လီဗာဇိုဆာ) က အထူးဧည့်သည်တော်အနေဖြင့်လည်းကောင်း၊ Judge (ဒိုင်) တစ်ယောက်အဖြစ်တလည်းကောင်းာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆန်ကာတင် အလှမယ် ၂၀ ဦးမှာ ခါးနံပါတ် (၁) အိကေဇင်သန့် ၊ ခါးနံပါတ် (၂) ခေါင်နန် ၊ ခါးနံပါတ် (၃) ထက်အိန္ဒြာနိုင်၊ ခါးနံပါတ် (၅) ထွန်းပုလဲရတနာ ၊ ခါးနံပါတ် (၆) အင်ကြင်းမေ ၊ ခါးနံပါတ် (၂၆) သုသက်စုညွန့်၊ ခါးနံပါတ် (၁၁) မရမ်ခေါန်လင်း ၊ ခါးနံပါတ် (၁၂) မေလီဆိုင်းအောင်၊ ခါးနံပါတ် (၁၃) မေသက်ကျော်၊ ခါးနံပါတ် (၁၄) မောရိမ်းလု၊ ခါးနံပါတ် (၁၅) မိုးသဉ္ဇာလွင် ၊ ခါးနံပါတ် (၁၆) နန်းချောအိသိန်း၊ ခါးနံပါတ် (၁၈) ပန်ဆုဝေ၊ ခါးနံပါတ် (၂၀) စဝ်ယွန်းဝတီ၊ ခါးနံပါတ် (၂၁) ရှရော်ဆိုင်းမြတ်အောင်၊ ခါးနံပါတ် (၂၂) စိုးရတနာထွန်း၊ ခါးနံပါတ် (၂၃) စုထကထက် ၊ ခါးနံပါတ် (၂၅) သိမ့်ဇာခြည်ညွန့်၊ ခါးနံပါတ် (၂၉) ယုယုထွန်း (ခ) ဝေဝေလွင်၊ ခါးနံပါတ် (၃၀)ဇဟီးလွမ်ဆယ်တို့ ဖြစ်ကြသည်။ သရဖူရရှိခဲ့သည့်အလှမယ်သည် ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.