Connect with us

Culture & Entertainment

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ပြည်တွင်းပြည်ပ အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ဟုဆို

ပုဂံဒေသ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး ကျင်းပစဉ်(သာသနာရေး ၀န်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်လျက်ရှိရာ ပြည်တွင်းအဖွဲ့များနှင့်သာမက နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့နိုင်ရေး အတွက် ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နည်းလမ်း များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ၎င်းက ဆိုသည်။

ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းနှင့်အတူ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် နိုင်ငံတကာအစိုးရ အဖွဲ့ အစည်းများတို့ကလည်း ပုဂံဒေသရှိ ရှေးဟောင်း ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများကို ထိန်းသိမ်း ရေးလုပ်ငန်းများမှာ လာရောက်ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။

မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့ကုလ သမဂ္ဂ(ယူနက်စကို)အဖွဲ့အစည်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ် တွင် UNESCO ၏ ပညာရပ်ဆိုင်ရာ အဖွဲ့ဖြစ် သည့် ICCROM သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ ကြောင်း၊ ၁၉၉၄ခုနှစ်၌ ယူနက်စကို အဖွဲ့မှ သတ်မှတ်ပြဋ္ဌာန်းခဲ့သော (Convention Concerning the Protection of World Cultural and Natural Heritage , 1972; – World Heritage Convention, 1972 )ကို လက်မှတ်ရေး ထိုးခဲ့ပြီး ၁၉၉၆ခုနှစ်၌ မြန်မာ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ် (၈)ခုကို အဆိုပြုအမွေအနှစ်စာရင်းများ (Tentative Lists)အဖြစ် တင်သွင်းခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ပုံတောင်ပရိုင်းမိတ်ဒေသများကိုပါ ထပ်မံထည့်သွင်းလိုက်သည့်အတွက် ယဉ်ကျေး မှုဆိုင်ရာအဆိုပြုနေရာ စုစုပေါင်း (၁၀)ခုရှိလာပြီဖြစ်ကြောင်း သိရသည်။

ပုဂံဒေသ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Bagan Com)၏ တတိယ အကြိမ် အစည်း အဝေးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပုဂံရှေးဟောင်း သုတေသနပြ တိုက်၌ ကျင်းပခဲ့ပြီး

အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.