Connect with us

Culture & Entertainment

ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ချင်းချောင်း နန်းတော်ကို ထိန်းသိမ်း စောင့်ရှောက်မှုများ ဆောင်ရွက် သွားမည်

ရန်ကုန်မြို့  ဗဟန်း မြို့ နယ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံ (ဓာတ်ပုံ- ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ရှားပါးလက်ရာ အဆောက်အအုံ တစ်ခုဖြစ်သော ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံကို ယဉ်ကျေးမှု အမွေအနှစ် ဒေသ၊ ရှေးဟောင်း အထိမ်း အမှတ် အဆောက်အအုံ တည်ရှိရာဇုန် (Ancient Monumental Zone) အဖြစ်သတ်မှတ်၍ ထိန်းသိမ်း စောင့်ရှောက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ယခုအခါ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ပြည့်ရန် ၁နှစ် လိုသေးသော်လည်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂ (က)အရ ယဉ်ကျေးမှု အမွေအနှစ် အဖြစ်ကိုက်ညီမှု ရှိပြီး ကိုလိုနီခေတ်၏ ရှားပါးလှသော လက်ရာ တစ်ခုဖြစ်သည့် အတွက် ယဉ်ကျေးမှုအမွေ အနှစ် ဒေသ ရှေးဟောင်အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်အဖြစ် သတ်မှတ်၍ ထိန်သိမ်း စောင့်ရှောက်ခွင့် ပြုပါရန် တင်ပြခဲ့သည်။ နိုင်ငံတော်သမ္မတမှ ပုဂ္ဂလိကသို့ ငှားရမ်းခြင်း မပြုဘဲ ဌာနကသာ ဆက်လက် ထိန်းသိမ်းရန် လမ်း ညွှန်ခဲ့ကြောင်း သိရသည်။

ထိုကြောင့် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေ ပုဒ်မ ၃၀ (ခ) အရ ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်)ကို ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက် ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၁၅ ဖြင့် ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံကို ယဉ်ကျေးမှု အမွေအနှစ် အဖြစ်သတ်မှတ် နိုင်ခဲ့ပြီး ဖြစ်သည်။

ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံကို ယဉ်ကျေးမှု အမွေအနှစ်ဒေသ၊ ရှေးဟောင်း အထိမ်း အမှတ် အဆောက်အအုံ တည်ရှိရာဇုန် (Ancient Monumental Zone) အဖြစ် ဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ သတ်မှတ် နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြပြီး အတည်ပြု ခွင့်ပြုချက် ရယူ၍ ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် သွားမည်ဟု သိရသည်။

ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်) သည် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန၊
အနုပညာ အထက်တန်းကျောင်း (ပန်တျာ/ပန်းချီ/ပန်းပုကျောင်း) ဖွင့်လှစ်ထားသော နေရာတွင် တည်ရှိသည်။ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံသည် မြန်မာပြည်၏ ပထမဆုံးသော ရာဘာ လုပ်ငန်းရှင် တစ်ဦးဖြစ်ခဲ့သည့် မစ္စတာ လင်ကျင်းဆောင် ကိုယ်တိုင် ကြီးကြပ်၍ ၁၉၁၅ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည့် အမြင့်ပေ ၁၂၀ အမြင့်ရှိ ငါးထပ် အဆောက်အအုံ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.