Connect with us

Culture & Entertainment

ဦးပိန်တံတားမှ တိုင်အဟောင်းများကို ရှေးဟောင်း ပြတိုက်တွင် ပြသသွားမည်


ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဦးပိန်တံတားမှ ဆွေးမြည့် ၍ အစားထိုး လဲလှယ်ရမည့် တိုင်အဟောင်းများကို ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) ၏ ပြတိုက်တွင် ပြသထားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

ဦးပိန်တံတားကို သြဂုတ်လမှ စတင်ပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်မည် ဖြစ်ပြီး တံတား ပြုပြင် ထိန်းသိမ်းရေး စီမံချက်တွင် ဦးစွာ ဆောင်ရွက်မည့် ဆွေးမြည့်တိုင်ဟောင်း ၁၀၀ အား တိုင်သစ်များဖြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းကို ဆောင်ရွက် သွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဦးပိန်တံတား ပြင်ဆင်ရန် အစိုးရမှ ကျပ်သိန်းပေါင်း ၂,၂၇၀ ချထားပေးပြီး တိုင်ဟောင်းများ နေရာတွင် ကျွန်းတိုင်များ အစားထိုး လဲလှယ်မည် ဖြစ်သည်။ဦးပိန်တံတား ကျွန်းတိုင်ဟောင်းဟု ဆိုကာ အတုအပ ပြုလုပ်ပြီး တစ်ပေ ပတ်လည်လျှင် ဒေါ်လာ ၅,၀၀၀ ခန့် ဈေးပေါက် နေကြောင်း ဝန်ကြီးက ပြောသည်။

မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဦးပိန်တံတားတွင် လဲလှယ်မည့် တိုင်လုံးများအတွက် လျှပ်စစ်၊ သစ်တော၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဦးစီးဌာနတို့မှ ကျွန်းတိုင်များအား ကူညီတောင်းခံ အသုံးပြုသွားမည်ဖြစ်သည်။

ပေအရှည် ၄,၀၀၀ နီးပါးရှိပြီး ကျွန်းတိုင်လုံးပေါင်း ၁,၀၈၆ တိုင်ဖြင့် တည်ဆောက်ထားသည့် သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်သော ဦးပိန်တံတားအား ရှေးမူမပျက် ပြန်လည် ပြုပြင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117