Connect with us

Culture & Entertainment

သြင်္ကန်ပွဲတော် ဆင်နွှဲပျော်ရန် လူငယ်များ ပြင်ဆင်

ရန်ကုန်မြို့တော် မဟာသြင်္ကန် ဗဟို မဏ္ဍပ် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ဧပြီလ ၁၂ ရက်နေ့တွင် စတင် ကျရောက်တော့မည့် မြန်မာ့ရိုးရာ အတာသြင်္ကန် ပွဲတော်အား ဆင်နွှဲရန် အတွက် လူငယ်အများစု တက်ကြွစွာ ပြင်ဆင်ဆောင်ရွက် နေကြသည်။

အသက်၂၁ နှစ် အရွယ် ကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဖြစ်သူ မချိုသဲက “ သြင်္ကန်က ဒီနှစ်က သြင်္ကန်အကြတ်က ၂ ရက်ထပ်တော့ ပိုပျော်တယ်။ ၂ ရက်လည်မယ်။ ၂ ရက် မဏ္ဍပ်ထိုင်ပြီး ရေပက်မယ်’’ ဟု ပြောသည်။
အတာသြင်္ကန်ကာလ အနေနှင့် ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ အထိ နိုင်ငံတစ်ဝန်း အစိုးရ ရက်ရှည် ရုံးပိတ်ရက် သတ်မှတ်ထားသည့် အတွက် အချို့က ခရီးသွားရန် ပြင်ဆင်ကြကြောင်း သိရသည်။ သြင်္ကန်လည်ပတ်ဖို့ ပြင်ဆင်သူရော၊ ခရီးသွားရန် ပြင်ဆင်သူများပါ အလှပြင်ဆိုင်များတွင် ဆံပင်အရောင်ဆိုးခြင်း၊ ကျစ်ဆံမြီး ရောင်စုံကျစ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။
ဝါဝါသန်း အလှပြင်ဆိုင်မှ ဆိုင်ရှင် ဒေါ်သန်းသန်းအေးက “ သြင်္ကန်လည်ဖို့ ကျစ်ဆံမြီး ရောင်စုံ ကျစ်ကြတယ်။ ဆံပင် အရောင်ကိုကျတော့ အစိမ်းရောင်ကို ဂရေး ဖောက်ထားတဲ့ အရောင်မျိုးတွေ ဆိုးကြတယ်’’ ဟု ပြောသည်။
လမ်းပေါ်ရှိ ရေကစား မဏ္ဍပ်အချို့ကလည်း အပြင်အဆင် ဒီဇိုင်းများ သူ့ထက်ငါ လှပစွာ ဖန်တီးထားကြတာ ကိုလည်း မြင်တွေ့နိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့၏ အချက်အချာနေရာနှင့် အကြီးဆုံး မဏ္ဍပ် ဖြစ်သော ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ လှပစွာ ဆင်ယင်ထားသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့က မိန်းမပျိုလေးများသည်လည်း ပွဲတော်ရက် အတွင်း သက်ဆိုင်ရာ မဏ္ဍပ်များတွင် ကပြ ဖျော်ဖြေနိုင်ရန် အတွက် အဆိုအကများကို တက်ကြွစွာ လေ့ကျင့်လျက် ရှိသည်။ အချို့မဏ္ဍပ်များတွင် ဒီဂျေများဖြင့် မနက်ဖြန် ကျရောက်မည့် သြင်္ကန်ပွဲတော်အတွက် ကြိုတင် အသံစမ်းလျက်ရှိသည်။ တချို့မဏ္ဍပ်များတွင် ညနေစောင်းတွင် ရေပိုက် စမ်းသပ်ခြင်းများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။
ယခုနှစ် နွေရာသီကာလသည် အယ်နီညိုနှစ် ဖြစ်သည့် အတွက် စည်းမျဉ်း စည်းကမ်း အချို့အား ထုတ်ပြန်ထားသည်။ အတာသြင်္ကန်တွင် ယာယီ ရေသွယ်တန်းခွင့် နှင့် ရေသုံးစွဲမှု ပြုလုပ်ထားပြီး ရေပိုက် ပမာဏကို သတ်မှတ် အသုံးပြုရမည် ဖြစ်ပြီး၊ ထိုသို့ အသုံးပြုရာတွင် ချမှတ်ပေး ထားသည့် ရေပိုက် ပမာဏထက် ကျော်လွန် သုံးစွဲမှုများ တွေ့ရှိလာပါက ယာယီ ရေသုံးစွဲခွင့် အတွက် ပေးဆောင် ထားသည့်ငွေ၏ သုံးဆကို ဒဏ်ကြေးငွေ အဖြစ် ပြန်လည် ပေးဆောင် ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုနှစ် မဟာသြင်္ကန်တွင် ရန်ကုန် တိုင်းဒေသကြီး အတွင်း ရေကစား မဏ္ဍပ် စုစုပေါင်း ၂၁၀ ခု ခွင့်ပြု ပေးထားကြောင်း ၊ ထိုသြင်္ကန်ရေကစားမဏ္ဍပ် ၂၁၀ ခုတွင် မဏ္ဍပ်ကြီးများ အဖြစ် အစိုးရ မဏ္ဍပ် ၇ ခု ၊ ပုဂ္ဂလိက မဏ္ဍပ် ၁၂ ခု နှင့် မဏ္ဍပ် အလတ် ၂ ခု ၊ မဏ္ဍပ် အသေး ၁၈၉ ခု တို့ကို ခွင့်ပြုထားပြီး အစိုးရ မဏ္ဍပ် ၇ ခုတွင် ရန်ကုန်မြို့တော် မဟာသြင်္ကန် ရေကစား ဗဟိုမဏ္ဍပ် ၊ ခရိုင်လေးခုတွင် မဏ္ဍပ် ၄ ခု ၊ မြန်မာ့ အမျိုးသား လေကြောင်း မဏ္ဍပ် ၁ ခု နှင့် မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေး မဏ္ဍပ် ၁ ခု တို့ပါဝင်ကြောင်း သိရသည်။
“မဟာသြင်္ကန်ပွဲတော် ကာလအတွင်း အများပြည်သူများ လွတ်လပ် ပျော်ရွှင်စွာ ဆင်နွဲနိုင်ရေးအတွက် လုံခြုံရေး နဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ မဖြစ်ပေါ်စေရေးကို ရှေးရှုပြီး မဏ္ဍပ်များကို တစ်နေရာထဲမှာ စုပြုံ ဆောက်လုပ် ကျင်းပမှု မရှိစေရန်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ ခရိုင် ၄ ခုမှာ ခရိုင်ဗဟို မဏ္ဍပ်များ ပြုလုပ်ပြီး မြို့နယ်များ အလိုက် နေရာအနှံ့စည်ကားစွာ ကျင်းပနိုင်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ထားတာ ဖြစ်တယ်’’ ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ် မဟာသြင်္ကန် ပွဲတော်တွင် သံချပ်များ ၊ အကအလှ ဖျော်ဖြေမှုများကို ခေါ်ယူ စိစစ်ခြင်း မပြုလုပ်ဘဲ ကိုယ့်အသိတရားနှင့် စည်းမျဉ်း ၊ စည်းကမ်း ဘောင်ထဲမှ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် သြင်္ကန်ပွဲတော်ကြီးကို ပြည်သူလူထု ပါဝင် ကျင်းပနိုင်ရန် အခွင့်အလမ်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဋ္ဌာနမှလည်း သြင်္ကန် ပွဲတော်အတွင်း ပြည်သူများအနေဖြင့် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း၍ ယဉ်ကျေးစွာ ရေကစားကြရန် ခိုက်ရန် ဖြစ်ပွားခြင်းနှင့် အရက်သေစာ သောက်စားခြင်းတို့ကို ရှောင်ရှားကြပါရန် မေတ္တာ ရပ်ခံထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117