Connect with us

Culture & Entertainment

တွံတေးမြို့နယ်၌ ဗုဒ္ဓရုပ်ပွားတော်ငယ်(၂၂)ဆူ၊ ငွေခွက်(၄)ခွက်နှင့် ငွေပန်းခွက်အပိုင်းအစ (၁၅)ခုတူးဖော်တွေ့ရှိ

ဗုဒ္ဓရုပ်ပွားတော်ငယ် (၂၂)ဆူ၊ ငွေခွက်(၄)ခွက်နှင့် ငွေပန်းခွက် အပိုင်းအစ(၁၅)ခုတို့အားတူးဖော် တွေ့ရှိစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တွံတေးမြို့နယ်၌ ဗုဒ္ဓရုပ်ပွားတော်ငယ်(၂၂)ဆူ၊ ငွေခွက်(၄)ခွက်နှင့် ငွေပန်းခွက်အပိုင်းအစ (၁၅)ခု တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ၁၆၂၀ အချိန် တွံတေးမြို့နယ်၊ ရွှေဆံတော်ဘုရားရှေ့ အုတ်တံတိုင်းနှင့်ကပ်လျက်ရှိ ဝတ္တကမြေတွင် ရှမ်းလေးရွာဓမ္မာရုံဆောက်လုပ်ရန် တာဝန်ခံ ဦးဇော်သန်းနှင့် အလုပ်သမားခေါင်းဆောင် ဦးအောင်မျိုးကျော်ပါ(၈)ဦးတို့မြေကြီးတူးရာ အနက် (၃)ပေခန့်အရောက်တွင် မြေကျင်းထဲမှငွေဖြင့် ပြုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်ငယ် (၂၂)ဆူ၊ ငွေခွက်(၄)ခွက်နှင့် ငွေပန်းခွက် အပိုင်းအစ(၁၅)ခုတို့အား တွေ့ရှိသဖြင့် ရွှေဆံတော် ဘုရားဂေါပက အဖွဲ့ထံ အပ်နှံထိန်းသိမ်း ထားရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.