Connect with us

Culture & Entertainment

စကာၤပူနိုင်ငံတွင် ကျင်းပသော Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲတွင် အလှမယ် စန္ဒီမင်းအောင် မှ ဆုနှစ်ဆု ဆွတ်ခူးရရှိ

အလှမယ် စန္ဒီမင်းအောင်ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-- Sandy Min Aung FB)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင်ကျင်းပ‌သော Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သည့် အလှမယ် စန္ဒီမင်းအောင် က Miss Star Plus Size 2017 ဆုနှင့်Miss Popular Award Plus Size 2017ဆုတို့ကိုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

စန္ဒီမင်းအောင်က ဆု ၂ဆုရရှိခဲ့ရခြင်း နှင့််ပတ်သက်၍ “အားလုံးအားပေးကြလို့ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ရွေးချယ်ခံရတဲ့ ဆုကိုရလို့ဝမ်းသာကျေနပ်မိပါတယ်။အချိန်ကုန်ခံပီး like share voting အများဆုံးနဲ့ Miss people choose &Miss Star ဆုကို ကျွန်မတို့မြန်မာနိုင်ငံက နိုင်ငံသားတွေ တယောက်ချင်းပေးတဲ့ မေတ္တာ ကို ရလို့ပိုဝမ်းသာပါတယ်ရှင့် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင့်’’ ဟု ၎င်း၏ Facebook စာမျက်နှာတွင် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ပြိုင်ပွဲဝင်အလှမယ်များအားတွေ့ရစဉ် (ဓာတ်ပုံ– Sandy Min Aung FB)

Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲကို စကာၤပူနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့ မှ ၁၃ ရက် နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်းစုံမှ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ Mrs./Ms. Top of the world Plus Size 2017 သရဖူဆုအား ဖိလစ်ပိုင်အလှမယ်မှ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.