Connect with us

Culture & Entertainment

OPPO မှ F5 Youth စမတ်ဖုန်း စတင် မိတ်ဆက်

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

OPPO မှ F5 Youth စမတ်ဖုန်း စတင် မိတ်ဆက်ခြင်း အခမ်းအနားအား ယနေ့နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

OPPO Myanmar ၏ Brand Director Mr.Bryan Li က ယခု စတင် မိတ်ဆက် ခဲ့သည့် OPPO F5 Youth စမတ်ဖုန်း၏ ဈေးနှုန်းအား ၃၁၉,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြော်ငြာခဲ့ပြီး OPPO ၏ မျက်နှာပြင်ပြည့် စီးရီးများ ထုတ်လုပ်သွားမည့် အခြေအနေ ၊ ကြိုတင်မှာယူနိုင်သည့် အခြေအနေများအား အခမ်းအနားတွင် ရှင်းလင်း ပြောကြားခဲ့သည်။

“ယနေ့မိတ်ဆက်ပေးတဲ့ ဖုန်းအသစ်ဟာ F စီးရီး၏ နောက်ဆုံး ထိပ်တန်း ထုတ်ကုန် ဖြစ်လာမှာ ဖြစ်ပြီး Youth ဆိုတဲ့ နာမည်က ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ လူငယ်တွေ အများစုဟာ OPPO ကို ရွေးချယ် အသုံးပြုလာတဲ့ အတွက်ကြောင့် ဂုဏ်ပြုမှည့်ခေါ်ထားခြင်း ဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့ရဲ့ပထမဦးဆုံး ဘေးဘောင်မဲ့ မျက်နှာပြင် အပြည့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။”ဟု OPPO Myanmar ၏ Product Manager ဖြစ်သူ ကိုသန်းအောင်က အခမ်းအနားတွင် ပြောသည်။

OPPO F5 Youth စမတ်ဖုန်းတွင် အရည်အသွေးမြင့် (f/2.0)ရှိ 16MP Selfie ကင်မရာ တစ်ခု ၊ 13MP ရှိ နောက်ကင်မရာ တစ်ခု နှင့် ရုပ်ထွက် ပိုမို ကောင်းမွန်သော မိုဘိုင်း Selfie ပုံများ ရိုက်ကူးနိုင်ရန် 2160×1080 resolution ရှိ ၆ လက်မ မျက်နှာပြင် အပြည့်(FGD+)တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့အတူ OPPO F5 Youth စမတ်ဖုန်းတွင် ဖုန်းပိုင်ရှင်ကို မှတ်သားနိုင်သည့် မျက်နှာပြင်ဖတ် Facial Unlock စနစ် ပါဝင်ပြီး ဖုန်းနောက်ဘက်တွင် လက်ဗွေစနစ်အား ပြန်လည် ထည့်သွင်း ပေးထားကြောင်း သိရသည်။

OPPO ကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် မိုဘိုင်းဖုန်း ဈေးကွက်ကို ဝင်ရောက်ခဲ့ပြီးနောက် လတ်တလောတွင် OPPO အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို ဈေးကွက်ပေါင်း ၂၀ ကျော်တွင် ရရှိနိုင်ပြီး ၂၀၁၅ ခုနှစ် ဧပြီလ အတွင်း နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် OPPO အမှတ်တံဆိပ်အား မှတ်ပုံတင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.