Connect with us

Culture & Entertainment

ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အမျိုးပေါင်း ၃ဝဝ နီးပါး ယူနက်စကိုသို့ တင်သွင်းရန် စာရင်းကောက် ယူပြီးကြောင်း သတင်း ထုတ်ပြန်

ပုဂံ မြို့ရှိ မြန်မာ့ ယွန်းထည် လုပ်ငန်းခွင် တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO) သို့ တင်သွင်းရန် လတ်တလော ကောက်ယူ ထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အမျိုးပေါင်း ၃ဝဝ နီးပါး ရရှိနေပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုသည်မှာ လူမျိုး တစ်မျိုး၏ ဘာသာစကား၊ ဓလေ့ထုံးစံများ၊ အနုပညာ လက်ရာများ စသည်တို့ကို ဆိုလိုခြင်း ဖြစ်ပြီး ယင်းအချက် များကို အခြေခံ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး၌ စာရင်းကောက်ယူ နေရာ လတ်တလော စာရင်းများ အရ အမျိုးပေါင်း ၃ဝဝ နီးပါး ရှိနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ယင်းသို့ စာရင်းတင်သွင်း နိုင်ရေးအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ယူနက်စကို တို့ ပူးပေါင်း၍ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများ ချမှတ်ခြင်း၊ အဆိုပါ အမွေအနှစ် များကို ရေရှည် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် လမ်းပြမြေပုံ (Road Map) ဆောင်ရွက်ခြင်း၊ စာရင်းများ သတ်မှတ်ခြင်း၊ အချက်အလက်များ စုဆောင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ စာရင်းပြုစုရေး အတွက် မူဘောင်ချမှတ်ခြင်း တို့ကို ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ယူနက်စကိုသို့ တင်သွင်းရန် ဦးစီး ကော်မတီသာ ဖွဲ့စည်းထားပြီး ကော်မတီ ဖွဲ့စည်းပြီး မှသာ မြန်မာဒြပ်မဲ့ အမွေအနှစ် တင်သွင်းရန် ဦးစားပေး စာရင်းများကို ပြန်လည် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယူနက်စကို သို့ စာရင်း တင်သွင်းရာတွင် နှစ်တစ်နှစ်၏ မတ် ၃၁ ရက်မတိုင်မီ အပြီးတင်သွင်း ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ များ၏ တင်သွင်း စာရင်းများမှ အရေအတွက် စုစုပေါင်း ၅ဝ ခန့်ကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.