Connect with us

Culture & Entertainment

မြန်မာ – ရုရှား ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ် ပူးပေါင်း ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူ စာချုပ်ကို ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများက မော်စကိုမြို့၌ လက်မှတ်ရေးထိုး

မြန်မာ-ရုရှား ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီးနှစ်ဦး မော်စကိုမြို့၌ လက်မှတ်ရေးထိုး နေစဉ် (ဓာတ်ပုံ - ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ-ရုရှား ယဉ်ကျေးမှု ဝန်ကြီးဌာန တို့အကြား ယဉ်ကျေးမှု နှင့် အနုပညာ နယ်ပယ် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

အဆိုပါ သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့ အကြား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အတွေ့အကြုံနှင့် သတင်း အချက်အလက် အပြန်အလှန် ပူးပေါင်း ဖလှယ်ဆောင်ရွက်ရန်၊ ဆပ်ကပ်ပွဲ၊ ဂီတ၊ သဘင် အပါအဝင် တစ်ကိုယ်တော် ဖျော်ဖြေပွဲများနှင့် အဖွဲ့လိုက် ဖျော်ဖြေပွဲများ အပြန်အလှန် တင်ဆက်ခြင်းကို အားပေးရန်၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာနှင့် ရိုးရာအနုပညာ ဆိုင်ရာ နိုင်ငံတကာ အနုပညာ ပွဲတော်များတွင် နှစ်နိုင်ငံ အနုပညာရှင်များ ပါဝင်ရေးကို တိုးမြှင့် ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အဆောက် အအုံများ ပြင်ဆင် မွမ်းမံ ထိန်းသိမ်းရေး အဖွဲ့အစည်းများအကြား တိုက်ရိုက် ပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် ထောက်ပံ့ ပေးရန်၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ သဘင်ဆိုင်ရာ အနုသုခုမနယ်ပယ်၊ သမိုင်းဝင် အဆောက် အအုံများ ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခြင်း ဆိုင်ရာနယ်ပယ်၊ ပြတိုက်နှင့် စာကြည့်တိုက် ဆိုင်ရာ နယ်ပယ်များမှ ပညာရှင်အဖွဲ့များ အပြန်အလှန် စေလွတ်ရန်၊ ယဉ်ကျေးမှု နယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေး ညှိနှိုင်းရန်နှင့် ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်ရန် စသည့် အချက်များ ပါဝင်ပါသည်။

မြန်မာ နိုင်ငံ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စား ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ရုရှား နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စား ဒုတိယဝန်ကြီး Madam. A Yu Manilova တို့က လက်မှတ် ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ရုရှား နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Madam. A Yu Manilova တို့သည် မြန်မာနိုင်ငံရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များသို့ ခေါ်ယူဖိတ်ကြားပြီး ရုပ်ရှင်၊ ဂီတနှင့် ဘဲလေးအက ဘာသာရပ်များ သင်တန်း ပေးရန်၊ မြန်မာ ရုပ်သေး သဘင် ဖျော်ဖြေတင်ဆက်မှုကို ပူးပေါင်း ဖြန့်‌ဝေပေးရန်၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနှင့် ရုရှားနိုင်ငံ Symphony Orchestra တို့ ပူးပေါင်း တီထွင် ဖျော်ဖြေတင်ဆက်ပြီး ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များကို ပိုမို ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ရန်၊ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ အနေဖြင့် သွားလာမြင်တွေ့နေကျ နေရာဒေသနှင့် ကွဲလွဲသည့် မိမိတို့ နှစ်နိုင်ငံ၏ မတူကွဲပြားသည့် ယဉ်ကျေးမှု အမွေအနှစ် နေရာဒေသများသို့ ကူးပြောင်း လည်ပတ် လေ့လာ နိုင်အောင ်ဆောင်ရွက်ရန်တို့ကို အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.