Connect with us

Culture & Entertainment

ပြည်တွင်း ပြည်ပ ပညာရှင်များ ပါဝင်သည့် လက်မှုအနုပညာ ပြပွဲ မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပမည်

မြန်မာ့ ရိုးရာ လက်မှု ယွန်းထည် ပစ္စည်းများ ပြုလုပ်နေမှု အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ပြည်တွင်းပြည်ပ လက်မှု အနုပညာရှင်များ၊ အသိပညာ ရှင်များ ပါဝင်သည့် ဒုတိယ အကြိမ်မြောက် လက်မှု အနုပညာ ပြပွဲကို ၂ဝ၁၆ ခုနှစ်တွင် မတ်လအတွင်း ကျင်းပသွားရန် စီစဉ်ထားကြောင်း New Zero Art Space မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဒုတိယ အကြိမ်မြောက် လက်မှု အနုပညာပြပွဲ ကျင်းပနိုင်ရေး အတွက် ကနဦး အနေဖြင့် လက်မှု ပညာပိုင်း ဆိုင်ရာ ညီလာခံကို မန္တလေးမြို့၌ အောက်တိုဘာလ အတွင်း ကျင်းပ သွားမည် ဖြစ်သည်။ ယင်း ညီလာခံ နှင့်အတူ ပြည်ပမှ ဒီဇိုင်း ပညာရှင်များ ဦးဆောင်သော အဆင့်မြင့် ဒီဇိုင်း ပညာပိုင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပူးတွဲကျင်းပ သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့စဉ်က အောင်မြင်မှု ရရှိခဲ့ပြီး ပျောက်ကွယ်လု နီးပါး လက်မှု အနုပညာ လက်ရာများကို လေ့လာနိုင်ခဲ့ပြီး အများပြည်သူ ပိုမို စိတ်ဝင်စားမှု ရှိရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် လက်မှု အနုပညာ ပြပွဲကို မြန်မာလက်မှု အနုပညာများ အနေဖြင့် ပြည်တွင်း၌ သာမက နိုင်ငံတကာ စံချိန်မီ အရည်အသွေး လက်မှု ပစ္စည်းများ ဖြစ်ပေါ် လာစေရန်၊ ဒီဇိုင်း ဖန်တီးမှုများ နှင့် အရည်အသွေး များတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ တိမ်မြုပ် ပျောက်ကွယ်လု နီးပါး ဖြစ်နေသည့် လက်မှု အနုပညာရပ် များကို လက်လှမ်းမှီ သရွေ့ ထိန်းသိမ်း နိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်ရှိ ပေါင်မြို့၊ ရှမ်းပြည်နယ် အင်းလေး၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ တို့တွင် ဒေသဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ရန်ကုန် အခြေပြု ဒီဇိုင်း ပညာရပ်များ၊ စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်မှု အနုပညာ ပြပွဲများကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.