Connect with us

Culture & Entertainment

အနုပညာ ဗဟိုဌာန တည်ဆောက်ပြီးလျှင် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ဖိတ်ခေါ် ပြသမည်ဟု သမ္မတဆို

မြန်မာ့ အနုပညာ ဗဟိုဌာန (မန္တလေး) ပန္နက်တင် အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အဖွဲ့ဝင်များ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မန္တလေးမြို့တွင် တည်ဆောက်မည့် မြန်မာ့အနုပညာ ဗဟိုဌာန ဆောက်လုပ်မှု ပြီးစီးလျှင် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ယဉ်ကျေးမှု အဖွဲ့များကိုပါ ဖိတ်ခေါ်၍ ပြသ ဖျော်ဖြေ တင်ဆက်သွားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ အနုပညာ ဗဟိုဌာန (မန္တလေး) ပန္နက်တင် အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

အဆိုပါ အနုပညာ ကျောင်းများကို တည်ဆောက်ပေးရခြင်းသည် ပညာရပ်များကို လက်တွေ့အသုံးချနိုင်ရန်၊ အနုပညာ အမွေအနှစ် ပညာရပ်များနှင့် ပတ်သက်၍ ပြည်သူများအား ဖျော်ဖြေ တင်ဆက်နိုင်ရန်နှင့် မျိုးဆက်သစ် များကိုလည်း ယင်းအမွေအနှစ်များ ပေးအပ်နိုင်ရန် အတွက် ကောင်းမွန် ခံ့ညား ထည်ဝါပြီး ခေတ်မီသည့် အဆောက်အအုံ လိုအပ်သောကြောင့် မိမိတို့အစိုးရ လက်ထက်တွင် မန္တလေးနှင့် ရန်ကုန်မြို့တို့၌ ယခုကဲ့သို့သော အဆောက်အအုံကို တည်ဆောက် ပေးခြင်း ဖြစ်ကြောင်း သမ္မတက ဆိုသည်။

မြန်မာ့အနုပညာ ဗဟိုဌာန (မန္တလေး) အဆောက်အအုံ တည်ဆောက်ပြီးစီးလျှင် အနုပညာရှင်များ၏ လက်ဝယ်သို့ လွှဲပြောင်းပေး အပ်သွားမည်ဖြစ်၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် သွားနိုင်ရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ကာ ရေရှည် တည်တံ့ ခိုင်မြဲစေရန် ဆက်လက်ပြီး ဆောင်ရွက် သွားရန် ရှိကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.