Connect with us

Culture & Entertainment

ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် အထိမ်းအမှတ်တံဆိပ် စိုက်ထူ

ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား ကြည့်ရှု့နေမှုအားတွေ့ရစဉ် (သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေ အနှစ်စာရင်းဝင် အထိမ်းအမှတ်တံဆိပ် စိုက်ထူခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက် အထိ ကျင်းပ သည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အစီအစဉ် အပြည်ပြည် ဆိုင်ရာ အကြံပေးကော်မတီ၏ (၁၃)ကြိမ်မြောက် အစည်းအဝေးတွင် ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာကို ၂ဝ၁၇ ခုနှစ် အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်အဖြစ် သတ်မှတ်မှု အထိမ်းအမှတ်Logoရရှိခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တွင် ပါဝင်ခြင်းအတွက် ဝမ်းမြောက် ဂုဏ် ယူကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် Memory of the World (MoW) အစီအစဉ်တွင် မြန်မာအမျိုး သား ယဉ်ကျေးမှုအမွေအနှစ် သုံးခု ဖြစ်သည့် မန္တလေးမြို့ရှိ မင်းတုန်းမင်း တရားကြီး၏ မဟာလောက မာရဇိန် ကုသိုလ်တော်ကျောက်စာများ၊ ပုဂံ ဒေသရှိ မြစေတီ (ရာဇကုမာရ်)ကျောက်စာနှင့် ယခု Logo စိုက်ထူ ပွဲကျင်းပသည့် ရွှေစည်းခုံစေတီတော် ရင်ပြင်ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာတို့ကို ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အဖြစ် တင်သွင်း နိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

အဆိုပါ ဘုရင့်နောင်မင်း တရားကြီး၏ ခေါင်းလောင်းစာသည် မြန်မာနိုင်ငံ၏ သမိုင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ အတွက် ထူးခြားထင်ရှားသော စာပေ အထောက်အထားဖြစ်ပြီး ခေါင်းလောင်း စာကို အေဒီ ၁၅၅၇ ခုနှစ် တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ရေးထိုး ခဲ့သည့် ကုသိုလ်ရှင်ကို အစွဲပြု၍ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်း လောင်းစာဟု ခေါ်ဆိုကြကြောင်း၊ အေဒီ ၁၆ ရာစုက ရေးသားထား သော ပကတိ အတိုင်းရှိသည့် ခေါင်းလောင်းစာဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.