Connect with us

Culture & Entertainment

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ICOMOS လာရောက်စစ်ဆေးမည်

ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ဒုတိယအကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဆိုပြုစာတွဲ တင်သွင်းထားပြီးဖြစ်၍ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS-International Council on Monuments and Sites) အဖွဲ့ မကြာမီလာရောက် စစ်ဆေး မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ဒုတိယအကြိမ်မြောက်

အစည်းအဝေးတွင် ပုဂံဒေသထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးရန် လည်းကောင်း၊ ဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ပုဂံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ICOMOS ခရီးစဉ်မတိုင်မီနှင့် ပုဂံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပူးပေါင်းညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်ရန်နှင့် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊

နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသ များကောင်စီ (ICOMOS- International Council on Monuments and Sites) အဖွဲ့ပုဂံဒေသကို လာရောက်မစစ်ဆေးမီ ဆောင်ရွက်ရန်ကိစ္စများ ကြိုတင်ဆောင်ရွက်ထားရန်၊ ရှေးဟောင်းအဆောက်အအုံ များနှင့် အနီးတစ်ဝိုက်ရှိ သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ၊ နံရံပန်းချီများရှိနေသည့် ဘုရား များ၏ ထိန်းသိမ်းရေးလုပ်ငန်းများ မေးခွန်းများမေးလာပါက ဖြေဆိုခြင်းများ ကြိုတင်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ICOMOS အဖွဲ့မှပညာရှင် လာရောက်စစ်ဆေးအကဲဖြတ်ရာတွင် ယခင်က ပျူမြို့ဟောင်းများတွင် စစ်ဆေးခဲ့သည့် အားနည်းချက် အားသာချက်များကို နမူနာယူပြီး ပြင်ဆင် ထားသင့်သည့်အချက်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် ယခုအစည်းအဝေးတွင် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာမည် ဆိုလျှင် မိမိတို့နိုင်ငံ၏အမွေအနှစ်များကို နိုင်ငံတကာသို့ တင်ပြခွင့်ရရှိခြင်း၊ အမွေအနှစ်ကို ကာကွယ် ထိန်းသိမ်းခြင်း၊ ပြုပြုင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်သည့်အခါတွင် နိုင်ငံတကာ အဖွဲ့စည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.