Connect with us

Culture & Entertainment

မန္တလေးသြင်္ကန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခု၊ ရေကစားမဏ္ဍပ် ၃၀ ကျော်နှင့် ဆင်နွှဲမည်

မန္တလေးတွင် မဏ္ဍပ်များပြင်ဆင်နေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်အား ကျုံးပတ်လည်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့်အတူ ကျုံးတောင်ဘက်ခြမ်း၌ ကျင်းပမည့် လမ်းလျှောက် သြင်္ကန်ပွဲတော် တွင် ရေကစားမဏ္ဍပ် ၃ဝ ကျော်ပါဝင်၍ ပျော်ရွှင်စွာဆင်နွှဲသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျုံးပတ်လည်ဖျော်ဖြေရေးမဏ္ဍပ်များအနက် ကျုံးတောင်ဘက်တွင် မန္တလေး မြို့တော်မဟာသြင်္ကန်မဏ္ဍပ် ၊ နန်းမြို့သူမဏ္ဍပ်နှင့် ခရီးသွားမြှင့်တင်ရေး ဗဟိုမဏ္ဍပ် တို့ဆောက်လုပ်ထားကြပြီး ကျုံးအရှေ့ဘက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ဖျော်ဖြေရေးမဏ္ဍပ် ခုနစ်ခုနှင့်အတူ စသုံးလုံးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏မဏ္ဍပ် များပါဝင်ကြပြီး ကျုံးမြောက်ဘက်တွင် Iron Crossဖျော်ဖြေရေးမဏ္ဍပ်နှင့် ကျုံး အနောက်ဘက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ မဏ္ဍပ်နှစ်ခု ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။

ယခုနှစ်တွင် ကျုံးတောင်ဘက်ခြမ်း၌ စတင်ကျင်းပမည့် လမ်းလျှောက်သြင်္ကန် ပွဲတော်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရေကစားမဏ္ဍပ် ၊ နန်းမြို့သူ ရေကစားမဏ္ဍပ်၊ ခရီးသွားမြှင့်တင်ရေး အတွက်ဆောက်လုပ်ထား သည့် ဖျော်ဖြေရေး နှင့် ရေကစားမဏ္ဍပ် ၁၁ ခုနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ပါဝင်ဆောက်လုပ် ထားကြသည့် ပေ ၃ဝ နှင့် ၁၂ ပေအကျယ်ရှိ ရေကစားမဏ္ဍပ် အခု၂ဝ တို့ပါဝင်ကြပြီး စတုဒိသာမဏ္ဍပ်ခုနစ်ခုတို့လည်း ထည့်သွင်းဆောက် လုပ်ထားကြောင်း သိရသည်။

ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်ကို အကြိုနေ့အရုဏ်တက်တွင် သံဃာတော် ၁ဝ၈ ပါးအား မန္တလေးမြို့တော်မဟာသြင်္ကန်မဏ္ဍပ်ရှေ့၌ ဆွမ်းကြီးလောင်းလှူ၍ နံနက် ၇ နာရီခွဲတွင် ကျောင်းသူ ၃ဝဝ က မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆို ဖျော်ဖြေကာ မြို့တော်မဟာသြင်္ကန်မဏ္ဍပ်နှင့် မြို့မအလှပြယာဉ်တို့က သြင်္ကန် သီချင်းများကို တစ်လှည့်ဆီ အပြန်အလှန်သီဆိုကြပြီး ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.